ဆိုင်အတွင်းသို့ chanyeolဝင်လာခဲ့သည်...။
တံခါးဆွဲဖွင့်လိုက်တာနဲ့ jonginတို့အုပ်စုကို
ရှေ့တည့်တည့်တွင် တန်းမြင်လိုက်ရသည်..။
ရုံးဆင်းချိန်ကတည်းက jonginလာခေါ်ပေမယ့်
သူအလုပ်လေးတွေမပြက်သေးလို့ နောက်ကျမှရောက်လာခဲ့ခြင်း...။အနားရောက်မှ မြင်လိုက်ရတာက စားပွဲပေါ်မှာခေါင်းမှောက်နေပြီဖြစ်တဲ့ သူ့ဘေဘီလေး...။
တရှဲရှဲမြည်နေတဲ့ အသားကင်ဗန်းရဲ့ဘေးမှာ
ဆိုဂျူပုလင်းအခွံတွေ...ငါးလုံးရှိသည်..။
ဘေးမှာရှိတဲ့ jonginတို့သုံယောက်ကိုကြည့်တော့ နည်းနည်းလေးမှမူးတဲ့ပုံမပေါ်..။
ဒါဆိုဒီပုလင်းတွေ အကုန်လုံးကိုသူ့ဘေဘီလေး
သောက်ပြီး မှောက်သွားတာလား...။"ဘယ်လိုဖြစ်တာလဲ ဒါတွေအကုန်သူတစ်ယောက်ထဲသောက်လိုက်တာလား..."
"မင်းကဒါအကုန်သူသောက်ထားတာ ထင်နေတယ်ပေါ့ ဟား ဟား"
chanyeolမေးတော့ jonginကလက်ခုက်တီးပြီးရယ်နေသည်..။minseokနဲ့sehunမှာလည်း
ပြုံးစိစိနဲ့ပင်...။"မင်းဟာလေး ရှေ့ကပုလင်းကိုကြည့်လိုက်."
baekhyunရှေ့က ဆိုဂျူပုလင်းမှာတစ်ဝက်သာရှိသည်...။
"အဲ့ဒါဘာဖြစ်လို့လဲ..
မဟုတ်မှ သူသောက်ထားတာက""ဟုတ်တယ် သူသောက်ထားတာ
အဲ့တစ်ဝတ်ထဲပဲ..."chanyeolပင် ရယ်လိုက်မိသည်..။
ဘယ်လောက်ပဲ မသောက်နိုင်တဲ့သူဖြစ်ပါစေဦး
ပုလင်းဝတ်လောက်သောက်ယုံနဲ့ ခေါင်းမဖော်နိုင်တဲ့အထိတော့ ဖြစ်မသွားနိုင်ဘူးလေ..။အသားတစ်ဖက်ကိုတူနဲ့ညှပ်ယူပြီး စားလိုက်သည်....။jonginငှဲ့ပေးတဲ့ ဆိုဂျူခွက်ကောက်မော့နေတုန်းမှာပဲ..
ဒုန်း!!!
စာပွဲခုံကိုလက်နှစ်ဖက်နဲ့ အားကုန်ထုချလိုက်တဲ့ baekhyunကို လေးယောက်လုံးမော့ကြည့်လိုက်ကြသည်...။
"ပျံမယ် ပျံမယ် ဟိုးကောင်းကင်ကြီးပေါ်ကိုပျံမယ် ငါဟာလှပတဲ့အတောင်ပံတွေနဲ့ အမြင့်ဆုံးရောက်အောင်ပျံတော့မယ်..."
မျက်လုံးမဖွင့်ပဲ မိုးပေါ်လက်ညိုးထိုးကာ
ပြောနေတဲ့ baekhyunက လက်နှစ်ဖက်ကို ဘေးကိုဆန့်ထုက်ပြီး စားပွဲခုံကိုပတ်ပြေးနေပြန်သည်...။

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...