L.O.E.Y Light Fashion
ရုံးခန်းထဲ ဝင်လိုက်တာနဲ့ မျက်စိထဲကိုးလို့ကန့်လန့် မြင်ကွင်းက စီးကြိုနေပြီ...။
အဲ့ဒီ kim jongdae ဆိုတဲ့ အဖွဲ့မှူးဟာလေ baekhyunတို့ကိုဆိုရင် သူ့အသံကြီးအားကိုးနဲ့ တစ်ရုံးလုံးကြားအောင် ဆူမယ် ငေါက်မယ် ကြမ်းမယ်ဆိုတာကြီးပဲ....
သူ့ချစ်ချစ် min seokနဲ့များဆိုရင် ဆီစွက်ထားတဲ့ ဝါဂွမ်းလေးလိုပဲ နူးညံ့နေလိုက်ပုံများ အမြင်ကပ်စရာကိုကောင်းတယ်...။
အခုလည်းကြည့် min seokအလုပ်စားပွဲပေါ်မှာ သွားထိုင်ပြီး သကြားခဲတောင်အရှူံးပေးရလောက်တဲ့ မျက်နှာနဲ့ သွားအီနေတာ...။
"စောစောစီးစီး ကျက်သရေတုံးလိုက်တာ"
"ဘာ....byun baekhyunမင်းဘယ်သူ့ကိုပြောလိုက်တာလဲ"
"တိုးတိုးပြောပါ အဖွဲ့မှူးရယ် နားတွေလည်းပွင့်ထွက်ကုန်ပါဦးမယ် ခုနကလေ လမ်းမှာ.....လမ်းမှာ...."
"အေး လမ်းမှာဘာဖြစ်လဲ ခေါင်းကုက်ဖင်ကုက်လုပ်မနေနဲ့ ပြောစရာရှိတာ ဆက်ပြော..."
"အင်း...ကျွန်တော်လမ်းလျှောက်လာနေတုန်း ကျွန်တော့်မျက်စိရှေ့တည့်တည့်မှာ ခြင်နှစ်ကောင် လာပူးနေလို့ သောက်ကျက်သရေတုံးတယ်လို့ပြောတာ..."
"Byun....baek....hyun....."
"အားးရှီးး တိုးတိုးပြောပါဆိုဗျာ...နားငြီးလိုက်တာ"
လက်ညိုးနဲ့ နားတစ်ဖက်ကို ကလော့လိုက်ရင်း ပြန်အော်လိုက်တယ်...။
အဖွဲ့မှူးဆိုပြီး ကြောက်နေလိမ့်မယ်များထင်နေလား....ပြန်မအော်ရဲဘူးများထင်နေလား Noပါ baekhyun တို့ရာဇဝင်မှာ ကိုယ့်ကိုလာအော်ရင် ပြန်အော်ပြီးသားပဲ ငြိမ်ခံနေရိုး ထုံးစံမရှိဘူး...။"ပေါက်တက်ကရတွေ လာပြောမနေနဲ့ မင်းငါ့တို့ကိုပြောနေတာမလား"
"သိရင်ပြီးတာပဲ"
လျှာထုက်ပြောင်ပြလိုက်ပြီး ကိုယ့်ခုံကိုဝင်ထိုင်လိုက်သည်...။
"မင်းမေလင်ကြီး ကျက်သရေတုန်းပါလား
မင်း မင်း ငါနဲ့တွေ့ဦးမယ်""သွားတော့ ကိုယ့်နေရာကို နိုင်တာလည်းမဟုတ်ပဲနဲ့ ကြိမ်းမနေနဲ့"

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...