ခရစ်စမက်နေ့ ဖြစ်တာမို့ ဆိုလ်းမြို့ရဲ့ ညမြင်ကွင်းဟာ
မီးပန်းရောင်စုံများနဲ့လှပနေပေသည်။လမ်းမပေါ်တွင် ပျော်ရွှင်စွာလျှောက်သွားနေတဲ့ မိသားစုတွေ ချစ်သူစုံတွဲတွေ ဈေးသည်တွေနဲ့ပြည့်လို့နေသည်။
လမ်းဘေးတစ်လျှောက် စီတန်းနေတဲ့..
မေပယ်ပင်တန်းတွေပေါ်က လှပစွာချိတ်ဆွဲထားတဲ့ နီတစ်ခါ
စိမ်းတစ်လှည့် တဖျက်ဖျက်လက်ကာ အရောင်မျိုးစုံပြောင်း
နေသော မီးလုံးလေးများအားကြည့်ကာ baekhyunအရမ်းပင် ပျော်ရွှင်နေမိသည်။နယ်ကနေ အလုပ်လာလုပ်တဲ့သူ့အဖို့ အပေါင်းသင်းဆိုတာ ရုံးကလုပ်ဖော်ကိုင်ဖက်တွေလောက်သာရှိသည်။
သူတို့ဆိုတာလည်း သူတို့မိသားစုနဲ့အတူလျှောက်လည်တဲ့သူကလည် ချစ်သူနဲ့ လျှောက်လည်တဲ့သူကလည်ကြနဲ့ ဟောဒီကbaek hyunလေးကို အရေးလုပ်မဲ့သူမရှိ။
ရုံးပိတ်ရက်ကလည်း တစ်ရက်ထဲဆိုတော့ အိမ်ကိုပြန်လို့ကလည်း မဖြစ်တာမို့ ခရစ်စမက်နေ့မှာတောင် တစ်ယောက်ထဲဖြတ်သန်းရနေရတာ နည်းနည်းတော့အထီးကျန်သား...။
Baekhyunလေးဘဝမှာ ချစ်သူရှိဖို့ဆိုတာ
ဝေလာဝေး ကြိုက်မယ့်သူကိုမရှိတာ..။ကိုယ်မကျေနပ်တာလည်း အဲ့ဒါပင်။
ဒီလောက်ပြီးပြည့်စုံနေတဲ့ကိုယ့်ကို ကြိုက်မဲ့သူမရှိတာ
ကမ္ဘာကြီးက အလုံးကြီးဆိုတာထက် ပိုအံဩပါရဲ့....။အလုပ်အကိုင်ဆိုလည်း အတည်တကျရှိပြီးသား...
ရုပ်ရည်ဆိုတာလည်း ပြောစရာကိုမရှိတာ ကိုယ်ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ ကိုယ်သာအသိဆုံး မှန်ကြည့်တိုင်း ကိုယ့်ကိုကိုယ် ပစ်ပစ်ကြွေနေရလွန်းလို့ ကြာတော့လည်းပင်ပန်းလှပြီလေ။တစ်ခါတစ်လေတော့လည်း တစ်ယောက်ယောက်ကို စူးစူးနစ်နစ် ချစ်ဖူးချင်သား...။
အချစ်ခံရတဲ့အရသာကရော ဘယ်လိုမျိုးလဲဆိုတာ ခံစားဖူးချင်သား...။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုကို...ကိုကို
မီးမီးတို့ဆန်တာဖိုးဖိုးဆီ ဆုတောင်းသွားမလို့
ဒီစာရွက်လေးထဲမှာ ဆုတောင်းစာရေးပြီး မီးမီးကိုပေးလိုက် မီးမီးယူသွားပေးမယ်"

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...