မြို့အလယ်မှာရှိတဲ့လမ်းခွဲလေးကနေ တစ်နာရီ
လောက်ခရီးနှင်အပြီး..။နေဝင်ရီတရောအချိန်မှာ baekhyunမိဘတွေနေတဲ့ရွာလေးကို ရောက်ရှိခဲ့သည်...။ခြုံဝန်းကျယ်ကျယ်ထဲမှာ သုံးခန်းပတ်လည်တစ်ထပ်တိုက်အိမ်လေးက အစိမ်းရောင်သွပ်ပြားများနဲ့မိုးထားပြီး အိမ်ရှေ့နားမလှမ်းမကမ်းမှာ
အကိုင်းအခက်တွေဝေဖြာနေသည့် ခပ်ကြီးကြီးမေပယ်ပင်တစ်ပင်လည်းရှိသည်...။ထိုမေပယ်ရဲ့အောက်မှာ သစ်သားခုံတန်းရှည်လေးတစ်ခုရှိတာကိုတွေ့ရမှာဖြစ်ပြီး ခြံထောင့်နားက မာလကာပင်တန်းတွေကိုလည်းမြင်တွေ့မည်ဖြစ်သည်...။ုbaekhyunတို့ကားလေးဝင်လာတော့ အိုမားက အိမ်ထဲကထွက်လာသည်...။
အပြုံးတွေဝေဆာနေတဲ့ အိုမားမျက်နှာဟာ baekhyunကို ဘယ်လောက်လွမ်းနေကြောင်းသိသာလွန်းသည်...။
"အိုမား..."
ချွဲပစ်ပစ်အသံနဲ့လှမ်းခေါ်ပြီး သူ့အိုမားကိုပြေးပွေ့တဲ့ baekhyunနောက်ကနေ ပစ္စည်းတွေသယ်ပြီး chanyeolလိုက်ခဲ့ရသည်...။
ဘယ်လိုတောင်ချွဲတက်တဲ့ကောင်လေးလဲ
သူ့ommရင်ခွင်ထဲ ခေါင်းတိုးပြီး ချွဲနေလိုက်တာများ ကလေးပေါက်စလေးလိုပဲ...။သူ့အိုမားကလည်း ခေါင်းလေးကိုပွတ်ပေးနေပြီး ပြုံးဖြီးနေရော...။"လွမ်းနေတာ..."ဆိုပြီး ပါးတစ်ဖက်ပြွတ်ခနဲလှမ်းနေသေးတာ....။
"အိုမားကလည်း လွမ်းနေရတာပါတော်..."
သားအမိနှစ်ယောက်အလွမ်းသယ်ပြီး ရှေ့ကနေသွားကြတော့ chanyeolမှာ အိတ်နှစ်အိတ်ဆွဲပြီးနောက်ကနေ လိုက်ရပြန်ရော...။
baekhyunက chanyeolကိုလှည့်ကြည့်ပြီး အဆင်ပြေလားဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်လာတော့ ခေါင်းငြိမ့်ပြလိုက်သည်...။
"appaရေ...."
အိမ်ထဲရောက်တော့ သူ့appaကိုပြေးဖက်ပြန်တဲ့ baekhyun...။
သားဖြစ်သူကျောလေးပွတ်ပြီး ခပ်မိန့်မိန့်အပြုံးနဲ့
ကြိုဆိုလိုက်တဲ့ သူ့appaကြောင့် ကိုယ့်ချစ်သည်းhyunငယ်လေးဟာ မိဘနှစ်ပါးလုံးရဲ့အချစ်ခံလူသားလေးမှန်းသိသာလှသည်...။"သားတို့နှစ်ယောက်လုံး ဒီအခန်းမှာနေလိုက်ကြ
အိမ်မှာက နှစ်ခန်းပဲရှိတာဆိုတော့...ဧည့်သည်ဖြစ်တဲ့သားကို အဒေါ်တို့ကအားနာပါတယ်ကွယ်..."

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...