အနားကပ်ပြီး တစ်ချိန်လုံးစိတ်ပူပေးတဲ့ချစ်သူလေးကြောင့် chanyeolရဲ့ကုန်ခမ်းနေတဲ့အားအင်တွေက ပူစီပေါင်းထဲလေထိုးထည့်လိုက်သလို ချက်ချင်းပင်ပြည့်ဝလာပြီထင်ရသည်...။ကုတင်ဘေးကထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ချစ်သူလေးရဲ့ ဖြူဥဥလက်ချောင်းလေးတွေက နဖူးနဲ့ပါးပြင်တစ်ဝိုက် နူးညံ့စွာလာရောက်ထိတွေ့နေတဲ့အခါ chanyeolရင်ထဲက အတိုင်းမသိကြည်နူးရပြန်သည်...။
ခန္ဓာကိုယ်ကို ပက်လက်အနေထားမှ ဘေးကိုစောင်းလိုက်သည်...။
လက်ဖဝါးပြင်နုနုပေါ် ပါးပြင်လေးအပ်ကာပွက်သပ်ရင်း ချစ်သူလေးမျက်နှာကို
မျက်တောင်မခက်တမ်း စိုက်ကြည့်နေလိုက်သည်...။စက္ကန့်30လောက်အကြည့်ချင်းဆုံပြီးနောက်
ခေါင်းငုံ့ပြီးအကြည့်လွဲသွားသည့် baekhyunပါးပြင်လေးဟာ လေအဝှေ့မှာ
ဖြတ်ပြေးသွားတဲ့ ဆာကူရာပန်းပွင့်လွှာလေးတွေလိုပင်....။chanyeolနှုက်ခမ်းထောင့်လေးကွေးညွှက်သွားသည်...။
ပါးပြင်ပေါ်က baekhyunလက်လေးကို အပေါ်ကနေအုပ်ကိုင်လိုက်ကာ နှုက်ခမ်းပါးထက်ထိတွေ့စေပြီး အနမ်းဖွဖွပေးမိသည်...။
နှုက်ခမ်းပါးလေးဆီကနေ ဘယ်ဘက်ရင်အုံကိုထိကပ်စေတဲ့အခါ နားမလည်တဲ့မျက်ဝန်းလေးတွေနဲ့ စိုက်ကြည့်လာတဲ့ ချစ်သူလေးက စကားတစ်ခွန်းမှ ဖွင့်ဟမေးမလာခဲ့ပါ...။
"hyunငယ်..."
"အင်း..ကိုကို..."
baekhyunမျက်ဝန်းများက
chanyeolနှုက်မှ ဖွင့်ဟလာမယ့်
စကားလုံးတို့ကို မျှော်လင့်စောင့်စားလျက်...။"ဒီနေရာက hyunငယ်ကိုပြောစရာရှိတယ်တဲ့
အနားကပ်ပြီးနားထောင်ကြည့်ပါလား...။သူဘာပြောချင်နေလည်းဆိုတာ ကိုယ်လည်းသိချင်လို့...."baekhyunပါးပြင်လေးများမို့တက်သည်အထိ
ရီမောလိုက်သည်...။သူ့ချစ်သူလေးရီနေတာကိုကြည့်နေတဲ့ chanyeolမျက်နှာထက်မှာ ကျေနပ်ပြုံးလေးချိတ်ဆွဲထားသည်...။
"ကိုကိုလည်း အဆန်းတွေလုပ်ပြန်ပြီ.."
"တကယ်ပြောတာ hyunငယ်ရဲ့
မယုံရင်နားထောင်ကြည့်ပါလား..."

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...