ယခုchanyeolကားလေးရပ်ထားရာနေရာဟာဆိုရင် ကုန်းမြင့်လိုနေရာလေးတွင် အလယ်တည့်တည့်မှာ လှေကားထစ်လေးများခြားထားပြီး လှေကားတစ်ဖက်တစ်ချက်စီတွင် သူ့အခန်းနဲ့သူ တစ်ဆင့်ခြင်းဆောက်ထားသော တိုက်ခန်းများတည်ရှိရာနေရာလေးဖြစ်သည်...။
baekhyunနေထိုင်ရာ တိုက်ခန်းလေးသည် ပထမဆုံးအဆင့်မှာဖြစ်သည့်အတွက် လှေကားဆယ်ထစ်လောက်သာတက်ရဆင်းရလုပ်ရသောကြောင့် အဆင်ပြေသည်...။ရုံးသွားဖို့ပြင်ဆင်ပြီး အခန်းပြင်ထွက်လာတဲ့ baekhyunက
ကားနံဘေးမှာလက်ပိုက်ပြီး ရပ်နေတဲ့chanyeolကိုမြင်တော့ မျက်ဝန်းအိမ်လေးပိတ်သွားသည်အထိရယ်ပြလိုက်သည်...။hoodieအပြာလေးကိုဝတ်ထားပြီး ရုံးလွယ်အိတ်လေးစလွယ်သိုင်းလို့ လှေကားတစ်ထစ်ခြင်းကို ခုန်ဆွခုန်ဆွလုပ်ပြီးဆင်းလာပုံလေးက အရမ်းပင်ချစ်ဖို့ကောင်းလွန်းနေသည်...။ချိုသာသောအပြုံးလေးသည်လည်း မနက်ခင်းရဲ့နေရောင်ခြည်နဲ့အပြိုင်တောက်ပနေပေသည်...။
ထိုလူသားလေးကိုငေးကြည့်နေတဲ့ chanyeolမျက်ဝန်းရိပ်တွင်လည်း မြတ်နိုးမှုအပြည့်ဖြင့်...။
ဖောင်းမို့မို့ပါးပြင်လေးကို ဆွဲကိုက်ချင်နေလို့
ရင်ဘက်ထဲမှာလည်း ပုရွက်ဆိတ်ဝင်ကိုက်နေသလို အသည်းတယားယားရှိလှသည်...။"မောနင်း hyunငယ်.."
အနားရောက်လာပြီဖြစ်တဲ့ ချစ်ရသူလေးကို
အပြုံးလေးတစ်ပွင့်ဖြင့် နှုက်ဆက်လိုက်သည်...။"မောနင်း ကိုကို..."
ရှေ့တည့်တည့်မှာခြေစုံရပ်လို့ ခေါင်းလေးငုံပြီးပြန်နှုက်ဆက်လာတဲ့ ချစ်သူလေးရဲ့ဆံနွယ်ဖြူဖြူတို့အား လက်နဲ့အသာအယာဆွဲဖွလိုက်ပစ်လိုက်သည်...။
"ချစ်ဖို့ကောင်းလိုက်တာ ကိုကို့ဘေဘီလေးက.."
ခေါင်းမော့ပြီး ဟီးခနဲရယ်ပြလာတဲ့ချစ်ရသူရဲ့
ပါးမို့မို့လေးတွေက ပန်းနုရောင်လေးအဖြစ်အရောင်ပြောင်းသွားသောကြောင့် အသည်းယားစွာ
နဲ့ဆွဲညစ်လိုက်မိသည်...။စိတ်ရှိတိုင်းသာလုပ်ရရင်ဖြင့် ကိုယ့်ဘေဘီလေးအရိုးတခြား အသားတခြားဖြစ်ရချည်ရဲ့...။မလုပ်ရက်ပါဘူးလေ အခုတောင်အသာလေး ဆွဲညစ်မိတာကို ကိုယ့်လက်ရာလေးအတိုင်း ရဲတက်လာတဲ့ပါးပြင်လေးကြောင့် အရမ်းများနာသွားမလားဆိုပြီး
စိုးရိမ်မိတာမို့ သက်သာစေဖို့ရည်ရွယ်ချက်နဲ့
အနမ်းဖွဖွလေးပေးမိတော့
မျက်လုံးပြူးလေးနဲ့ကြည့်လာပြန်ရော...။
ဟောကြည့် နှာခေါင်းလုံးလုံးလေးတွေပါ နီရဲလာပုံထောက်ရင် ကိုယ့်ဘေဘီလေးရှက်သွားပြန်ပြီ...။ကြာရင်တစ်ကိုယ်လုံးကို ကိုက်စားမိတော့မှာပဲကွာ..။
ခေါင်းကဆံပင်လေးတွေကို နောက်တဖန်ဆွဲဖွလိုက်ပြီး ကားပေါ်တက်စေလိုက်သည်..။
ခါးပတ်ကိုလည်း ကိုယ်တိုင်ဆွဲပတ်ပေးလိုက်သည်...။ဘာလုပ်လုပ် ငြိမ်ပြီးလိုက်ကြည့်နေတဲ့
ကောင်လေးရဲ့ ချယ်ရီရောင်နှုက်ခမ်းလေးကို
ခပ်ဖွဖွလေး နမ်းရှိုက်လိုက်ပြန်သည်....။

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...