We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

19(Z+U)

2.5K 274 36
                                        

ဖြူလွှလွှ နှင်းပွင့်လေးများက လေယိမ်းရာ
ဝဲလွှင့်နေကြသည်...။

ရာသီစက်ဝန်းက ဆောင်းဦးနေ့ရက်တွေဆီကို တစ်ပတ်ပြန်လည်ရောက်ရှိခဲ့ပြီ...။

နေ့ရက်တိုင်း၊အချိန်တိုင်းကို နှစ်ယောက်အတူဖြတ်သန်းရင်း ကုန်ဆုံးခဲ့သည်..။

နေ့သစ် တစ်ရက်ကူးတိုင်း တစ်ရစ်ပိုနက်ရှိုင်းလာတဲ့သံယောဇဉ်တွေ...။

မြတ်နိုးတွယ်တာရခြင်းတွေ...။

အတ္တကင်းတဲ့ ချစ်ခြင်းတရားတွေ...။

နွေးထွေးတဲ့မေတ္တာတရားတွေ...။

အရာအားလုံးကို ထိုလူသားဆီမှ ရယူပိုင်ဆိုင်
ခဲ့သည်....။

အမြတ်တနိုးငေးစိုက်ကြည့်နေတက်တဲ့ အကြင်နာမျက်ဝန်းတွေအောက်မှာ baekhyunနှလုံးသားလေး လူးလွန့်ခုန်ပေါက်နေရသည်မှာ
မမောပန်းနိုင်...။

ဒီနေ့...

ကျွန်တော့်မိဘတွေကိုဆီကို သွားလည်မယ့်နေ့
အတိအကျပြောရမယ်ဆိုရင်တော့ ဆွေပြမျိုးပြသွားကြသည်ပေါ့....။

အချိန်အခါကောင်းလို့ဆိုရမလား...

ကံကောင်းခြင်းနမိတ်လို့ပြောရမလား...

ထူးခြားတဲ့ဒီနေ့လေးမှာ ဒီနှစ်ဆောင်းရဲ့
ပထမဆုံးနှင်းတွေကျနေခဲ့တယ်...။

"hyunငယ်ရေ...။ကိုကို့သည်းငယ်ရေ...။
ဘာတွေလုပ်နေတာလဲ ဒီမှာကိုကို့ကို
အဆင်ပြေရဲ့လား လာကြည့်ပါဦးကွာ....။"

မနက်မိုးလင်း baekhyunအိပ်ယာမနိုးခင်တည်းကchanyeolတစ်ယောက်ဟာ baekhyunတိုက်ခန်းလေးဆီရောက်ရှိလာပြီး
တဂျီဂျီလုပ်နေတော့သည်...။

အခုလည်းအပြင်ကနေ တကြော်ကြော်အော်နေလို့ ရေချိုးခန်းထဲမှာ အဝတ်စားလဲနေရင်းတန်းလန်း ပြေးထွက်လာခဲ့ရတော့ အင်္ကျီကြယ်သီးတွေတောင် ဆုံးအောင်မတက်နိုင်ခဲ့...။

"ဘာလဲကိုကိုရာ ဒီမှာအဝတ်စားလဲနေပါတယ်ဆိုကွာ..."

"ကိုယ်ကြည့်ကောင်းရဲ့လား..။ဒီမှာကြည့်ပါဦး
မင်းမိဘတွေကိုယ့်ကို သဘောကျလောက်ပါ့
မလား..။ကိုယ်တော့အရမ်းစိတ်လှုပ်ရှားလွန်းလို့
ရင်တွေတောင်တုန်တယ်...။
ဟူးးး...."

I Want YouStories to obsess over. Discover now