12(Z+U)

3.7K 381 18
                                        

"အရမ်းချစ်တယ် ကိုကို့အသည်းအသက်လေး."

ရွှန်းလဲ့လဲ့မျက်ဝန်းလေးနဲ့ ကိုကို့ကိုငေး
မော့ကြည့်မိရင်း ကိုကို့လက်ဖဝါးပြင်ကျယ်ကြီးထဲကို သူ့လက်သေး​သေး​လေးထည့်လို့တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်..။ကိုကိုက သိပ်လည်တာပဲ ဒီလူကို တစ်နေ့တစ်ခြားအချစ်တွေတိုးလာအောင် အမျိုးမျိုးနှိပ်စက်နေတော့တာ...။
စူးရှရှအကြင်နာမျက်ဝန်းတွေနဲ့ ငုံ့မိုးကြည့်နေတဲ့ကိုကို့အကြည့်တို့ကို ကြာကြာရင်မဆိုင်ရဲတာမို့ မျက်လွှာလေးအသာပြန်မှိတ်ချလိုက်သည်....။
ဒီလိုမှမဟုတ်ရင် ကိုကို့အကြည့်စူးစူးအောက်မှာ
ရင်တလှပ်လှပ်နဲ့ တစ်ကိုယ်လုံးအရည်ပျော်ကျချင်နေပြီ...။

"ကိုကို..."

"ဗျာ.."

"ကိုကိုက ဗျာလို့ထူးတယ်...ကျွန်တော်သဘောကျတယ်..."

"မင်းလေးသဘောကျရင် အမြဲထူးမှာပေါ့...
ကိုကို့အသည်းလေးရဲ့..."

နှာခေါင်းလုံးလုံးလေးကို လက်ညိုးလေးနဲ့ ဖိနှိပ်ရင်းပြောလိုက်သည်...။

"ကိုကိုက သိပ်အသားယူတာပဲ..."

"ဟော်..ဘယ်မှာအသားယူလို့လည်း..."

"သူများကို အချိန်တိုင်းလိုက်ပြီး ပါးကိုဆွဲညစ်လိုက် နှာခေါင်းဆွဲညစ်လိုက်နဲ့ လိုက်ထိနေတာ..သူ့အသားမနာတိုင်း သူများကို ဟွန့်.."

Baekhyunစိတ်ထဲကပါလို့ ပြောနေခြင်းမဟုတ်..။တမင် သက်သက် ရစ်နေခြင်းသာ...။အမှန်က ကိုကို
အဲ့လိုလေးတွေလုပ်လေ သူကပိုသဘောကျလေမဟုတ်ပါလား..။

"ဟေ...ဘယ်မှာသူများကို အသားယူလို့လဲ..
ကိုယ့်ချစ်သူမို့ ကိုယ်ထိတာပဲဟာ...အဲ့နှုက်ခမ်းလေးဆူထားတာက ဆွဲကိုက်စေချင်လို့လားပြော..."

"ဟာဗျာ ပြောလေဆိုးလေ ပြန်မယ်ဗျာ..."

အိပ်နေရာကထပြီး မက်တပ်ရပ်လိုက်တဲ့
ကလေးပေါက်စကို ခါးကနေဆွဲပွေ့ပြီး ပေါင်ပေါ်ထိုင်စေလိုက်သည်...။

"ဒါကစိတ်ကောက်တာလား...ကိုကိုက စိတ်ကောက်တက်တဲ့ကလေးကို
ဘယ်လိုချော့ရမလဲ မသိဘူးနော်...
ဘယ်လိုလဲ ဒီလိုလေးဆိုစိတ်ပြေမှာလား..."

I Want YouStories to obsess over. Discover now