CEOရုံးခန်းထဲသို့ jong daeဝင်လာခဲ့သည်...။
တစ်ယောက်ထဲ ပြုံးစိစိနဲ့ ခုံပေါ်ထိုင်နေတဲ့ boss parkဆိုသူအား ခဏတော့ သူရပ်ကြည့်နေလိုက်ပါသည်...။ ပုံမှန်ဆို အရမ်းသတိကပ်ပြီး အရမ်းလျင်ပါတယ်ဆိုတဲ့ သူ့သူငယ်ချင်းက အခုတော့ လူတစ်ယောက်လုံး ရှေ့တည့်တည့်ရပ်နေတာတောင် မသိနိုင်လောက်တဲ့အထိ ဘာတွေများ စဉ်းစားခန်းဖွင့်နေသည်လဲမသိ...။ထိုင်ခုံနားထိသွားပြီး ပခုံးကို ဗြန်းခနဲနေအောင်
ရိုက်ချလိုက်သည်...။
အဲ့ခါကြမှ ဘာလဲဟဆိုတဲ့မျက်နှာပေးနဲ့ မော့ကြည့်လာတော့သည်...။"ဘာလဲ ငါ့ကောင်ကြီးက ဟိုမှာကျန်ခဲ့တဲ့စော်လေးတွေကို သတိရနေတာများလား
ပြောစမ်း ဟိုမှာဘယ်နှစ်ယောက်တောင်ကျန်ခဲ့တာလဲ.. ""တစ်ယောက်မှ မကျန်ခဲ့ဘူး .."
chanyeolပြောရင်း သူ့နေရာမှထလာခဲ့ပြီး jongdaeနဲ့အတူ ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်...။
"အေးပါကွာ ဒါနဲ့ပြောစမ်းပါဦး လကုန်မှကုမ္မဏီကိုဝင်မယ်ဆိုပြီး ရုတ်တရက်ကြီး ရောက်လာရတဲ့အကြောင်းရင်း"
"ဒါကဒီလိုရှိတယ်" ဆိုတာမှအစချီပြီးပြောသွားလိုက်တာ နောက်ဆုံး သူချစ်နေတဲ့ကောင်လေးက...ဒီကုမ္ပဏီကဖြစ်နေလို့ပါတဲ့လေ..။ကောင်လေးတစ်ချက်ပြုံးလိုက်တာလေးကတောင် သူ့အသည်းနှလုံးတစ်ခုလုံး ပြုက်ထွက်မတက်ဖြစ်သွားစေသတဲ့....ဒီကျောက်ခဲနှလုံးသားကြီးကို အရည်ပျော်အောင်လုပ်နိုင်တဲ့ ကောင်လေးက ဘယ်သူလဲဆိုတာ သိချင်လှပါသည်...။
"ဆိုစမ်းပါဦး ဘယ်ဋ္ဌာနကများလဲ..."
jong daeသိချင်စိက်ပြင်းစွာ မေးလိုက်သည်..။
ဟုတ်သည်လေ ဘယ်သူကများ ဒီကောင်ကြီးကို ပြုစားနိုင်တာလည်းဆိုတာ တော်တော်သိချင်နေပြီ...။"မင်းဋ္ဌာနကလေ byun baekhyunတဲ့"
နာမည်လေးပါးစပ်က ထွက်လိုက်ရုံနဲ့တောင် အပြုံးတွေ ဖြစ်တည်စေသောပါပဲ...။
ပါးစပ်က နားရွက်တက်ချိက်တော့မယ့်
အပြုံးကြီးနဲ့...။"ဘာ ဘာ ဘာ baekhyun ဟုတ်လား...
ဝိုးးးး အမေးဇင်းပါပဲ park chanyeolရေ!!!"

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...