"ကိုယ် hyunငယ်ကို အရမ်းချစ်တယ်"
baekhyunလက်ထဲက ကိုင်ထားတဲ့ဖုန်းလေး
မြက်ခင်းပြင်ပေါ်သို့ ပြုက်ကျသွားသည်...။
အသိစိတ်တစ်ခုလုံး လွှတ်ထွက်သွားသလို
လူကအသက်ရူဖို့ပင် မေ့လျော့ကာ နေရာမှာပင်မလှုပ်မယှက်...။ဆွဲအားမရှိတဲ့ လေထုထဲကို
ရောက်ရှိနေသလို လွှတ်ထွက်သွားတဲ့ အသိစိတ်တစ်ခုလုံးက ချာချာလည်နေသည်မှာ ဘာကိုမှမမြင်နိုင်တော့....။chanyeolရဲ့လက်နှစ်ဖက်က baekhyunပခုံးဆီမှ ပါးပြင်ဆီသို့အုပ်ကိုင်လိုက်သည်... ။
"hyunငယ်သိလား ကိုယ်ကမင်းလေးကို
ကော်ဖီဆိုင်မှာ စတွေ့ကတည်းကစိတ်ဝင်စားခဲ့တာ..။ကိုယ့်ဘဝမှာ hyunငယ်နဲ့မတွေခင်အချိန်ကအထိ မြင်မြင်ချင်းအချစ်ဆိုတာကို
အယုံအကြည်မဲ့ခဲ့တယ်...။ဒါပေမယ့်hyunငယ်
ကိုတွေ့တဲ့နေ့ကစပြီး ဘယ်သူမှသက်သေပြစရာမလိုပါပဲ ကိုယ်ယုံကြည်သွားခဲ့တယ်...။"baekhyunလက်တစ်ဖက်ကို ဆွဲယူပြီးchanyeolကသူ့ရင်ဘက်ကို ကပ်စေသည်...။
"နားထောင်ကြည့်hyunငယ် မင်းလေးနဲ့တွေ့တိုင်း ဖြစ်တည်လာတဲ့ ကိုယ့်ရင်ခုန်သံတွေက သက်သေပဲ..."
baekhyunအသိစိတ်ပြန်ကပ်လာချိန်
မျက်နှာလေးမှာ ရဲသထက်ပိုရဲလာသည်...။
ကိုယ် ကိုယ်တိုင်လည်း စမြင်ကတည်းက
သဘောကျခဲ့ရသူ..။ကိုယ့်ရင်ခုန်သံတွေကို
ဖြစ်တည်လာအောင် စွမ်းနိုင်ခဲ့တဲ့သူ..။
မျက်စိရှေ့က ကိုယ်တိတ်တစ်ဆိတ်ချစ်နေရပါတဲ့သူက ကိုယ့်ကိုချစ်နေပါတယ်တဲ့လား...။
baekhyunဘဝမှာ ဒီအချိန် ဒီနေရာမျိုးမှာ
ဖွင့်ပြောခံရလိမ့်မယ်လို့ လုံးဝထင်မှတ်မထားခဲ့ရိုးအမှန်ပါ...။baekhyunလည်း
Chanyeolကို မြင်မြင်ချင်းချစ်ခဲ့မိတယ်ဆိုတာ
သေချာပါသည်...။အချစ်ရဲ့ဖြစ်တည်မှုအစက
ရင်ခုန်ခြင်းဆိုတာကို baekhyunနားလည်သည်...။အကြည့်တစ်ချက်ကအစလို့ လက်ကလေးလှုပ်ရှားတာအဆုံး သူ့ရင်တွေဝုန်းဒိုင်းကြဲ
ခုန်စေတဲ့သူကိုတောင်မှ ချစ်လို့ချစ်နေမှန်းမသိရအောင် baekhyunသည်....မနူးမနပ်ဆယ်ကျော်သက်အရွယ်လည်း မဟုတ်တော့...။"hyunငယ် တစ်ခုခုပြန်ပြောဦးလေကွာ"
"ဘာ..ဘာပြောရမှာလဲ.."

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...