မနက်ဝေလီဝေလင်းအချိန်တွင် ချန်းယောလ်အိပ်ယာကနိုးလာသည်...။
အိပ်ယာအပြောင်းလဲကြောင့် ညကတော်တော်နဲ့အိပ်မပျော်ခဲ့ပေ...။
ရင်ခုန်စိတ်လှုပ်ရှားနေလို့လည်းပါမည်...။
ချစ်ရသူကိုရင်ခွင်ထဲထည့်ပြီး အိပ်စက်ရတဲ့ခံစားချက်က အတိုင်းမသိကြည်နူးမှုကိုပေးစွမ်းသည်...။
ရင်ခွင်ထဲခေါင်းတိုးပြီး အိပ်ပျော်နေသော
ချစ်သူလေးရဲ့ အသက်ရှုထုက်လိုက်တိုင်း
ဖြစ်တည်လာတဲ့လေငွေ့နွေးနွေးက သူ့ရင်ထဲကနှလုံးသားလေးကို နွေးနွေးလေးလှိုက်ခုန်စေသည်....။
ချန်းယောလ်ချက်ချင်းမထသေးပဲ အိပ်မောကျနေသောချစ်သူလေးအား တစ်စိမ့်စိမ့်ကြည့်နေရင်း
နှုက်ခမ်းပါးထက်အပြုံးတို့ဖြစ်တည်သည်...။"အိပ်မောကျနေတာလေးကတောင် ကိုယ်ဆွဲနမ်းချင်စိတ်ပေါက်အောင် ချစ်ဖို့ကောင်းနေရော
.."ချစ်သူမျက်နှာကိုတစ်မေ့တမောငေးရင်း
နိုးထလာရတဲ့မနက်ခင်းလေးက သိပ်ကိုရင်ခုန်ဖို့ကောင်းနေသည်...။
နှုက်ခမ်းပါးလေးတွေနဲ့ မြတ်နိုးစွာဖိကပ်မိလိုက်တဲ့ နဖူးပြေပြေလေး..။
ပြီးတော့ မှေးမှိတ်ထားတဲ့မျက်ခွံမို့မို့လေးတွေ..။
ချယ်ရီပွင့်ရောင်ပါးမို့မို့လေးတွေကို ဘယ်ညာတစ်ဖက်စီအနမ်းတို့ဖြန့်ကျက်မိတော့ ယားလို့ထင်ပါ့ ရင်ခွင်ထဲကကိုယ်လုံလေးက လူးလွန့်လာတော့
ချန်းယောလ်မှာ သူခိုးလူမိဖြစ်မှာစိုးနေသည့်အလား မျက်ဝန်းတွေကိုမှိတ်ချပြီး အိပ်ချင်ယောင်ဆောင်နေလိုက်ရသည်...။
အတန်ကြာလူးလွန့်ပြီး ပြန်လည်ငြိမ်သက်သွားတဲ့ကိုယ်လုံးလေးကြောင့် ချန်းယောလ်ပြုံးရင်းမျက်လုံးဖွင့်ကြည့်တော့ အိပ်ပုတ်လေးဟာ
သူ့လက်မောင်းပေါ်ကနေ ကုတင်တစ်ဖက်စွန်းကိုရောက်ရှိသွားပြီး ကွေးကွေးလေး
အိပ်နေလေသည်...။ချန်းယောလ် သဘောတကျပြုံးလိုက်ရင်း
"ကိုယ်ဖြင့်မင်းလေးကို ချစ်လိုက်ရတာကွာ..။
ဘယ်အရာနဲ့မှနှိုဉ်းယှဉ်လို့မရအောင်ပါပဲ.."နေ့ရက်တိုင်း ချစ်မဝလွန်းတဲ့မျက်နှာနုနုလေး
ကိုတစ်စိမ့်စိမ့်ကြည့်ရင်း နိုးထခွင့်ရမဲ့မနက်ခင်းတိုင်းကို စိတ်ကူးယဉ်မိသည်...။

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...