Vday Special Exter(Uni)

603 43 3
                                    

"ကိုကို"

"ဗ်"

"ဒီနေ့ကဘာနေ့လဲ"

"ကိုကိုမသိဘူးလေ ဟျွန်းငယ်ရဲ့"

"ဟွန့်!"

ဟွန့်ခနဲဆိုကာ နှာခေါင်းလေးရှုံ့ပြီး ချန်းယောလ်အလုပ်လုပ်နေရာ စားပွဲရှေ့ကနေ ဆိုဖာပေါ်ကို သွားထိုင်နေတဲ့ကောင်လေးကို ကြည့်ပြီးပြုံးမိရင်း လက်မှတ်ထိုးဖို့ စစ်လက်စဖိုင်တွဲကို စားပွဲပေါ်ပစ်တင်ပြီး ကောင်လေးအနားကိုထသွားဖို့ပြင်ရသည်။
ခြေလှမ်းဖွဖွလှမ်းခဲ့တော့ ဆိုဖာပေါ်ကကောင်လေးက သူအနားရောက်လာတာကို သိပုံမပေါ်။
မျက်နှာလေးကမှုန်ကုက်ကုက်၊နှုက်ခမ်းလုံးလုံးလေးကစူတူတူနဲ့ မျက်လွှာတွေကို အောက်ချထားပုံလေးက ဆွဲမွေ့နမ်းပစ်ချင်စရာ။

"ဟျွန်းငယ်"

ခေါ်လိုက်မှ မျက်နှာလေးကမော့လာပြီး တစ်ဖက်ကိုပြန်လွဲသွားသည်။လာမခေါ်နဲ့ဆိုတဲ့အထာမျိုး။
ကိုကိုချစ်သည်းလေးကကွာ အရမ်းတွေ ချစ်ဖို့ကောင်းနေတာ။
ဘေးကိုဝင်ထိုင်ကာ လက်လေးကိုဖွဖွဆုပ်ကိုင်ပြီး ပါးပြင်နုနုကို အနမ်းဖွဖွခြွေတော့ လည်ပြန်ရောက်လာတဲ့မျက်စောင်းလေးက ဒီုင်းခနဲ။

"ဟျွန်းငယ် ကိုကိုနဲ့တစ်နေရာကိုလိုက်ခဲ့မလား"

"ဘယ်ကိုလိုက်ရမှာလဲ"

"ကိုကိုမိတ်ဆွေတစ်ချို့နဲ့ အလုပ်ကိစ္စချိန်းထားတာလေးရှိလို့
ဟျွန်းငယ်ပါမှဖြစ်မှာ"

အပြင်သွားမယ်ဆိုလို့ လက်ခနဲဖြစ်သွားတဲ့မျက်ဝန်းလေးက အလုပ်ကိစ္စလည်းဆိုရော ခနအတွင်း အရောင်တွေပြန်မှိန်သွားတော့ ရင်ထဲမှာ ကြိတ်ပြုံးနေမိသည်။

"လိုက်မယ် ဒါပြောဖို့ပဲခေါ်တာမလား အဲ့ဒါဆိုလည်း သြားခါနီးမွ လာခေါ်တော့"

ပြောပြီးတာနဲ့ ချန်းယောလ်ဆွဲထားတဲ့ သူ့လက်လေးကို ဆွဲထုက်ပြီး ရုံးခန်းအပြင်ကို ထွက်သွားပုံက နောက်ကိုလုံးဝမကြည့်။ဘာအချိုးလဲ ဟျွန်းငယ်ရာ ကိုယ်ဖြင့်ချစ်မဝလိုက်တာ။

~~~~~~~~~~~~~~~~~~~~~~~~

ကုမ္ပဏီက ထွက်လာကတည်းက ကားမောင်းနေတဲ့တလျောက်လုံး မကြည်မလင်မျက်နှာလေးနဲ့ကောင်လေးက အခုထိလည်း စူပုက်ပုက်။အိပ်ရေးမဝတဲ့ကလေးလိုမျိုး မျက်ဝန်းတွေကိုမှေးကျဉ်းထားပြီး ရှေ့တည့်တည့်ကိုပဲစိုက်ကြည့်နေပုံက ဘေးကသူ့ကို ရှိတယ်လို့ပင် သဘောမထားပုံ။

I Want YouWhere stories live. Discover now