baekhyunတိုက်ခန်းရှေ့က လှေကားထစ်ခြေရင်းမှာ မနက်တိုင်းအချိန်မှန်စွာရောက်ရှိနေတက်တဲ့ ကားလေးတစ်စီးရှိသည်...။
ထိုကားပိုင်ရှင်ဟာ baekhyunဆိုသောလူသားလေးရဲ့ ကိုကို..။
မိုးရာသီဖြစ်လို့ အချိန်မရွေးမိုးဖွဲလေးတွေကျတက်တာအဆန်းတော့မဟုတ်...။
နေရောင်ဖျော့ဖျော့လေးရှိသည့် မနက်ခင်းမှာ
မိုးဖွဲတွေတဖွားဖွားကြွေကျနေသော
အချိန်တွင် chanyeolသည် ချစ်သောလူသား
လေးထွက်အလာကို ထီးတစ်ချောင်းအသင့်ကိုင်လို့ တိုက်ခန်းတံခါးရှေ့ကနေ ရပ်စောင့်နေလေသည်...။ရုံးလွယ်အိတ်ကိုစလွယ်သိုင်းလို့ တံခါးဖွင့်ပြီးထွက်လာတဲ့baekhyunပခုံးကို လက်တစ်ဖက်နဲ့ခပ်တင်းတင်းဖက်ကာ တစ်ဖက်မှလည်းကောင်းကင်မှသက်ဆင်းလာတဲ့
မိုးရေစက်တွေကိုအံတုဖို့ အဖြူရောင်ထီးလေးကိုကိုင်ဆောင်းပြီး အပြုံးကိုယ်စီနဲ့လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ စည်းချက်ကျကျလှိုက်ခုန်လာတဲ့ရင်ခုန်သံတွေ...။
သေးသွယ်တဲ့လက်ချောင်းလေးတွေက ခါးပေါ်ကို သိုင်းဖက်လာတဲ့အခိုက် ကော့ညွှက်သွားတဲ့နှုက်ခမ်းတစ်စုံ....။လှေကားထစ်အဆင်းတစ်နေရာမှာ baekhyunချော်ကျမလိုဖြစ်သွားတော့ ပခုံးပေါ်ကchanyeolလက်တွေ ပိုပြီးတင်းကြပ်စွာ
ဖိဆုပ်လိုက်မိသည့်အခိုက် ငုံ့မိုးကြည့်နေသူရဲ့
မျက်ဝန်းဝိုင်းဝိုင်းတွေကို ပြန်လည်ငေးမောနေတဲ့ကောင်းလေး...။
သူတို့နှစ်ဦးရဲ့ မျက်ဝန်းရိပ်တွေထဲမှာ တစ်ယောက်ကိုတစ်ယောက် မြတ်နိုးမှုတွေဟာအတိုင်းသားပေါ်လွင်နေသည်...။ဆင်စွယ်နုရောင်ရှပ်လက်ရှည်ကိုဝတ်ထားတာကြောင့် baekhyunမျက်နှာနုနုမှာ
ပို၍ပင် နူးညံ့အိစက်နေသယောင်...။အချိန်အတော်ကြာ အကြည့်ချင်းစုံရပ်နေမိ
ကြပြီးနောက် နှုက်ခမ်းပါးနှစ်ခု ထပ်တူညီစွာ ပြုံးလိုက်မိကြလေသည်...။မိုးဖွဲလေးတွေက ကျမြဲကျဆဲ...။
လေပြေညှင်းလေးတွေလည်း တိုက်ခက်နေဆဲ...။
တိမ်ဆိုင်လေးတွေဟာလည်း မျောလွင့်နေဆဲ...။
အဖြူရောင်ထီးလေးအောက်က လူသားနှစ်ဦးဟာလည်း ရင်ခုန်နှုန်းတွေထပ်တူကျစွာ မြန်ဆန်နေဆဲ....။

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...