sehunတွေးလိုက်မိသည်...။
အော်...byun baekhyunလိုလူုမျိုးကလည်း
ရှက်တက်သေးပါလားလို့...။
ပြီးတော့ပြောသေးတယ်...။

"ငါက သူ့ကိုစမ်းသပ်ချင်သေးတာ..။
ငါအဖြေပြန်မပေးရင် သူငါ့ကိုဘယ်လိုများ
ဆက်ပြီးလိုက်ဦးမလည်းဆိုတာသိချင်သေးတာ..အဟိ...ဇာတ်လမ်းတွဲထဲက မင်းသားတွေလိုလေ...ရိုမန့်တစ်ဆန်တက်ရင် ဘယ်လောက်များရင်ခုန်ဖို့ကောင်းလိုက်မလဲ...တွေးရင်းနဲ့တောင် အခုငါ့ရင်တွေပေါက်ထွက်တော့မယ်..."
တဲ့လေ....။

"သောက်ရူး"လို့ပြောပြီးပြန်လာခဲ့တယ်...။
မကြိုက်တာလည်း မဟုတ်ပဲနဲ့ အလကားမူနေတာ...။

sehunပြန်ပြောလို့ အားလုံးသိသွားတဲ့jonginက
ခေါင်းတညိမ့်ညိမ့်နဲ့ ပြုံးပြုံးကြီးရပ်နေသည်...။
အတွေးထဲမှာတော့ သူငယ်ချင်းဖြစ်သူ
CEO parkကြီးရဲ့ မျက်နှာကိုမြင်ယောက်ပြီး
ခွက်ထိုးခွက်လှန်ရယ်ချင်နေမိသည်...။
ဘာလို့လည်းဆိုတော့ ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်သာအသိဆုံးဖြစ်သည်...။
chanyeolဆိုတဲ့လူမျိုးက ဒီအရွယ်အထိရည်းစားတစ်ခါမှမထားဘူးတာမို့ ရိုမန့်တစ်ဘယ်လိုဆန်ရမည်ဆိုတာကိုလည်း သိမယ့်သူမျိုးမဟုတ်...။အခုဖွင့်ပြောတာကိုပဲကြည့်လေ အိမ်ခေါ်သွားပြီး ဖွင့်ပြောသတဲ့ ကြားလို့တောင်မကောင်းဘူး...။သူများတွေလို ပန်းခြံတစ်အခုလုံးငှါးပြီး
ရောင်စုံပန်းခင်းကြီးအလယ်မှာ
ဖွင့်ပြောမယ်တို့...ဘောလုံးကွင်းတစ်ခုလုံးငှါးပြီး
တစ်ဖျက်ဖျက်အလင်းတန်းတွေကြားမှာ ချစ်ခွင့်ပန်မယ်တို့ ဆိုတာမျိုးကိုchanyeolတို့က တွေးမိမှာတောင်မဟုတ်ဘူး...။ဒီလိုလူမျိုးကိုများ
ဒီကောင်လေးစိတ်ကူးတွေ ယဉ်နေသေးတယ်..။
ဆုတောင်းလေဖြစ်လာမလားလို့ jonginတို့ကတော့ မထင်...။

သို့သော် လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့ခါ ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ တက်သင့်တက်ထိုက်တဲ့ ပညာအားလုံးကို အချစ်ဆိုတဲ့အရာက အလိုလိုသင်ပေးသွားတယ်ဆိုတာကို
နှစ်တစ်ထောင်အက်ဖုအေ လူပျိုကြီးဖြစ်တဲ့
jonginလေးမသိပေ...။

ထိုစဉ် သူဌေးရုံးခန်းကပြန်လာတဲ့ minseok
က အခန်းထဲဝင်ဝင်ချင်း လှမ်းပြောလိုက်သည်...။

I Want YouWhere stories live. Discover now