ဒီအခြေနေမှာ baekhyunတကယ်ပင် ဘာပြန်ပြောရမှန်းမသိပါ....။ကျွန်တော်ကလည်း
chanyeolကို စတွေ့ထဲကချစ်နေခဲ့တာပါလို့လား...။အခု ခဗျားရင်ဘက်ပေါ်လက်တင်ထားကျွန်တော်က ခဗျားထက်အဆတစ်ရာ
လောက်ရင်ခုန်နှုန်းတွေမြန်နေပါတယ်လို့လား။
ဟင့်အင်း အဲ့လိုလည်းပြောလို့မဖြစ်သေးဘူး...။
သူကလွယ်လိုက်တာဆိုတဲ့ အဖြစ်မျိုးကို
baekhyunမလိုချင်ပါ....။ဒါဆို ငြင်းမှာလားလို့
လာမမေးပါနဲ့...။chanyeolလို လိုအပ်ချက်မရှိ
ပြီးပြည့်စုံနေတဲ့လူကြီးကိုလေ ဆုတောင်းပေါ့...။
တကယ်တော့ baekhyunလေးက မူချင်သေးတာလေ...အခုဖွင့်ပြောခံရ အခုချက်ချင်းအဖြေပြန်ပေးတဲ့သူဆိုတာ ရှိလို့လား...။
ရှိချင်လည်းရှိမှာပေါ့....အဲ့ရှိတဲ့ထဲမှာ baekhyunတို့ မပါချင်ပါ...။ဟိုးအရင်ဆယ်ကျော်သက်ကတည်းကနေ အခုနှစ်ဆယ်ကျော်သည်အထိ ဇာက်လမ်းတွဲပေါင်းများစွာ ကြည့်လာခြင်းသည် အလကားတော့မဟုတ်...။
အခုချိန်မှာ ကောင်းကောင်းကြီးအသုံးချရမည်...။သူchanyeolကို ကလိကလိဖြစ်အောင်
လုပ်ဦးမည်....။
.
.
.
စကားတခွန်းမှမပြောပဲ အကြည့်လွဲသွားတဲ့
ကောင်လေးကြောင့် စိတ်များဆိုးသွားလေပြီလားလို့ chanyeolတွေးလိုက်မိသည်....။
နီရဲနေတဲ့ပါးမို့မို့လေးတွေ ၊နားရွက်ဖျားလေးတွေနဲ့ နှာခေါင်းလုံးလုံးရယ်က ဆွဲကိုက်ပစ်ချင်စရာကောင်းလွန်းနေသည်....။

"မင်းလေးက အရမ်းချစ်ဖို့ကောင်းလွန်းလို့
ဒီရက်ပိုင်းလေးအတွင်းမှာ ကိုယ်အရူးအမူးစွဲလမ်းနေခဲ့ရတယ်ဆိုတာ hyunငယ် ယုံပါ..။"

နဖူးပေါ်ကျနေတဲ့ ဆံဆလေးတွေကို သပ်တင်ပေးနေပြန်တဲ့ chanyeolကို baekhyunငေးကြည့်လိုက်သည်...။ကြင်နာမှုအပြည့်နဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေက သူမညာဘူးဆိုတာကို ဖော်ညွှန်းနေသယောင်....။
baekhyunဒီနေရာမှာ ဆက်ပြီးရပ်နေရင်
နှလုံးရပ်ပြီးသေသွားနိုင်သည်...။

"သားရေ hyunငယ်ရေ ဘယ်မှာလဲ
ommaဆီ ခဏလာခဲ့ပါဦး..."

"nae omma"

Chanyeolလက်ထဲမှရုံးထွက်ကာ ကျနေတဲ့ဖုန်းကို ကောက်လိုက်ပြီး ommaရှိရာသို့ သုက်ခြေတင်ပြေးလာခဲ့သည်.....။
Chanyeolလက်က ပြေးထွက်ချင်နေတဲ့ baekhyunအတွက် ommaသည် ကယ်တင်ရှင်ပင်...။

I Want YouWhere stories live. Discover now