"အား..!!! ရူးနေပြီ ရူးနေပြီ byun baekhyun
မင်းရူးနေပြီ"

ဆံပင်တွေကိုဆွဲဖွလိုက်ပြီး ကုတင်ပေါ်ကနေ ကုန်းရုံးထကာ မှန်ရှိရာသို့်ဆင်းပြေးသည်....။
မှန်ထဲကကိုယ့်မျက်နှာက ဖရဲသီးလုံးကြီး ထက်ခြမ်း ခြမ်းထားသလို တစ်ပြင်လုံးရဲရဲနီနေ
သည်...။ တဖန်ကုတင်ပေါ်သို့သွားကာ မှောက်ရက်လှဲလိုက်ပြန်သည်...။နားထဲကြားယောင်လိုက်တာက ဆွဲဆောင်အားပြင်းတဲ့ ဩဩရှရှအသံ "ဘေဘီတဲ့" အသံထွက်ပြောလိုက်ရင်း
ဘေးနားက ခေါင်အုံးကိုဆွဲယူကာ တစ်ဘုန်းဘုန်းထုရိုက်နေမိသည်....။ တစ်ခါထထိုင်လိုက်ပြန်သည်....။

"သတိထား သတိကပ်စမ်းbyun baekhyun
ဒါလက်တွေ့မဟုတ်ဘူး အိမ်မက်....
ဟုတ်တယ် ဒါအိမ်မက်ပဲ"

ကိုယ့်ပါးကိုယ် လက်နဲ့ပြန်ရိုက်ကာ သတိပေးလိုက်သည်..။

ထပ်ပြီး ပက်လက်လှန်အိပ်လိုက်ပြန်သည်...။ ခေါင်းအုံးကမျက်နှာပေါ်မှာ နစ်ဝင်လို့...။ခြေထောက်နှစ်ချောင်းက မိုးပေါ်ထောင်ကာ ကန်ကျောက်နေပြန်သည်...။

"ဘေဘီတဲ့ ဘေဘီတဲ့ ဘေဘီတဲ့ အားး!!!!!
ရူးတော့မှာပဲ..."

~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~

ဓာတ်လှေကားပွင့်သွားတာနဲ့ မြင်လိုက်ရတာက
သူဌေးpark chanyeol...။ မင်္ဂလာပါလို့ ခေါင်းငုံ့နှုက်ဆက်လိုက်ပြီး တစ်ယောက်ထဲရှိတဲ့သူ့ရှေ့တည့်တည့်ကို ဝင်ရပ်လိုက်သည်..။
မနက်ကကိုယ့်အဖြစ်ကို သတိရလိုက်ပြန်တော့
ကျောပေးထားတာတောင်မှ မျက်နှာတစ်ပြင်လုံး
ပူထူနေပြီ...။ ဘေဘီလို့ခေါ်သံက မဖိတ်ခေါ်ပါပဲ နားထဲအလိုလိုကြားယောင်လာပြန်တော့ ကြက်သီးထလွန်းလို့ ပခုံးနှစ်ဖက်ကိုတွန့်လိုက်မိသည်....။ သက်ပြင်းအသာခိုးချလိုက်ရင်း ဓာတ်လှေကားအမြန်ပွင့်ပြီး ရုံးခန်းရောက်ဖို့သာ
ဆုတောင်းလိုက်မိသည်...။

Chanyeolသူ့ရှေ့ကပုစိလေးကို စကားတစ်ခွန်းမှမပြောပဲ စိုက်ကြည့်နေသည်....။
ပခုံးနှစ်ဖက်တွန့်လိုက်တာကိုလည်း မြင်သလို
နားရွက်ဖျားလေးတွေ ရဲနေတာကိုလည်းမြင်သည်...။ဓာတ်လှေကားထဲမှာ သူနဲ့နှစ်ယောက်ထဲမို့ ဒီကောင်လေးရှက်ပြီး နားရွတ်ဖျားတွေ နီနေတာလားလို့ တွေးမိတော့ ကျေနပ်ပြုံးကြီးက ပါးခြိုင့်ကြီးကိုထင်းလို့....။

I Want YouWhere stories live. Discover now