​ေက်းဇူးတင္​လႊာ (ကျေးဇူးတင်လွှာ)

Start from the beginning
                                    

ကျွန်တော်က ရေးပြီးရင် သူငယ်ချင်းကို သွားသွားပြတယ်..
သူကလည်း တကယ်တော့ ကျွန်တော် ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရေးတတ်ခင်ကတည်းက ကျွန်တော့် စာဖတ်တဲ့သူဖြစ်လာတယ်ဆိုပါတော့..

ကျွန်တော်က အပျော်တမ်း စာရေးသမားပါ..
စာရေးဆရာလို့တော့ မသုံးရဲပါဘူး.. 😂😂

စာရေးရတာ ကြိုက်ပါတယ်.. ၈ တန်းကတည်းကရင်း ဟုတ်တာတွေကော မဟုတ်တာတွေကော ထိုင်ရေးပြီး အစ်မတွေကိုဖတ်ခိုင်း ..

ဒီ Wattpad ကိုတော့ သူငယ်ချင်းဆီကနေ တစ်ဆင့်သိခဲ့ရတာပါ.. 2017 ကတည်းကရင်း အကောင့်ဖွင့်ပြီး နည်းနည်းပါးပါး စရေးဖြစ်တယ်..

Before She disappear ကတော့ ပထမဆုံးစရေးတာပေါ့.. BL တော့မဟုတ်ဘူး. NORMAL..

အဲ့ကနေ တချို့စာတွေကို ရေးလိုက် ပြန် Un လိုက် .. Draft မှာပဲ ပစ်ထားလိုက်နဲ့ တော်တော်ကြာပါတယ်..

အဲ့တုန်းကတည်းက Wattpad ကို ပြန်မသုံးဖြစ်ဘူး.
2018 ရောက်တော့ MDZS Anime စကြည့်ပြီး.. ဝတ္ထုလည်း ဖတ်ချင်တယ်ဆိုပြီး ပြန်ရောက်လာတာ..

MDZS က Wattpad ကနေ ပထမဆုံးဖတ်ဖြစ်တဲ့ ဝတ္ထုပေါ့.. အဲ့ကနေ Arr Sheng တို့ ဘာညာ ဖတ်ဖြစ်တယ်..

အဲ့လိုနဲ့ ပြန်ရေးချင်လာတယ်..

အဲ့လိုနဲ့ Unrefundable ရေးဖြစ်တယ်.. အဲ့တာလည်း ရေးရင်း အားမရတော့လို့ ရပ်ပစ်လိုက်တယ်..

အဲ့တာရေးရင်း ဒီ Fic လည်းစရေးဖြစ်တယ်.
အရင်ကတည်းက မှုခင်းစုံထောက်ကားတွေ ကြိုက်တတ်တာမို့ အဲ့လို Theme မျိုးနဲ့ရေးချင်တယ်ဆိုပြီး စရေးခဲ့တာ...

အဲ့တုန်းက ကျွန်တော့် သူငယ်ချင်းက ဖတ်တဲ့သူများလာအောင် ကြေညာပေးတယ်..
မ reta nan ကတော့ ပထမဆုံး ကျွန်တော့်ကို ချီးကျူးပေးပြီး ကြောညာပေးသူပေါ့.. ကျွန်တော်နဲ့ အပြင်မှာ မသိပဲနဲ့..

အဲ့ကနေ ဖတ်တဲ့သူတဖြည်းဖြည်းများလာရင်း မ nong_thelea က Cover လုပ်ပေးတယ်..
အဲ့အချိန်မှ ဒီ Fic ကလေးက လူနဲ့သူနဲ့ တူတော့တာ.. 😂😂

အမှန်ဆို ဒီ Fic ကို လက်လျှော့ချင်စရာ အကြောင်းရင်းတွေက အများကြီးပါ.. ဒီ Fic ကို စရေးပြီး နောက်တစ်လကစ ကျွန်တော့်တကယ် စိတ်ညစ်စရာတွေကော.. ပြဿနာတွေကော.. အများဆိုမှ အများကြီး ကြုံခဲ့ရတာ..
တသ်ခါတစ်လေဆို အိပ်ရာထဲကနေ မထနိုင်အောင် စိတ်ဓာတ်တွေပြိုလဲ.. ထိုင်ငိုရတဲ့အထိ Personal Problem တွေ ရှိခဲ့ပါတယ်...

ဒါပေမယ့် အဲ့ကြားထဲက ဒီစာကို ဖတ်ပေးတဲ့သူတွေရဲ့ Update တောင်းတာတွေ.. လာပြီး ဘာများဖြစ်လို့လဲဆိုပြီး ဂရုစိုက်ပေးတာတွေကြား.. Up လို့ရရင် ရသလောက် တရွတ်တိုက်ဆွဲပြီး တစ်ပိုင်းဆီရေးရင်း အခုလို အဆုံးထိရောက်လာခဲ့ရတာပေါ့..

အဲ့တော့.. ကျေးဇူးတင်ပါတယ်ဗျ.. ဖတ်ပေးတဲ့သူအားလုံးကိုကော.. ကျွန်တော့်ကို ကူညီပေးခဲ့သူတွေ အားလုံးကိုကော..

နောက် တစ်ပုဒ်ထပ်ရေးဖြစ်ခဲ့မယ်ဆိုလည်း ဖတ်ပေးကြပါဦး..
ခုထိတော့ ဘာ Idea ကောင်းကောင်းမှ ထွက်မလာသေးဘူး.. 😅😅

ဟုတ်.. ကျေးဇူးတင်ပါတယ်ဗျ.. ဆက်ပြီးလည်း အားပေးကြပါဦးလို့.

12.10.2019
12:15 AM

When You Fall In Love With A Law Student [Completed]Where stories live. Discover now