✴️Part 11✴️

Start from the beginning
                                    

Cop: "P Kim!! အစုတ်​ပလုပ်​ကြီး..တော်​ပြီ ရေသွားချိုးတော့မယ်​"

Kim: "ကိုလိုက်​ခဲ့မယ်​လေ"

Cop: "နှာဘူးကြီး"

Kim: "ဟောဗျာ ကိုနမ်းရုံပဲနမ်းမိတာကို နှာဘူးကြီးတဲ့လားဗျ။ တစ်​ကယ်​နှာဘူးဖြစ်​အောင်​ ကြံစည်​လိုက်​ရမလား"

Cop: "P Kim Khrap.."

Kim: "ကိုကစတာပါ..ရေမြန်​မြန်​ချိုးနော်​ ကြာရင်​အအေးမိနေမယ်​"

Cop: "P အိမ်​မပြန်​သေးဘူးလား"

Kim: "မပြန်​ချင်​သေးဘူး"

Cop: "အဝတ်​အစားက ဒီမနက်​ဘယ်​လိုလဲမှာလဲ"

Kim: "ကို့အိမ်​ကို ဖုန်းဆက်​လိုက်​မယ်​။ စိတ်​မပူနဲ့ ရေသွားချိုးတော့"

Cop: "အင်း"

  ခေါင်းလေးကုတ်​ပြီး ရေချိုးခန်းထဲ ဝင်​သွားတဲ့ Cop ကိုကြည့်​ရင်း Kim ထပ်​ပြုံးနေတယ်​။ Cop လဲရေချိုးပြီး ခါးတစ်​ဝက်​ကို သဘက်​ပတ်​ရင်းထွက်​လာတော့ Kim ကလဲ အဝတ်​အစားယူပြီး အခန်းထဲကိုပြန်​လာတဲ့အချိန်​နဲ့ တိုက်​ဆိုင်​သွားတယ်​။ ဖြူဝင်းနေတဲ့ အသားအရေပေါ်မှာ ရေစက်​လေးတွေတွဲခိုနေတဲ့ ပုံရိပ်​ကိုကြည့်​ပြီး Kim တစ်​ယောက်​ တံတွေးမြိုချမိလိုက်​တယ်​။ Kim ရဲ့အကြည့်​ကို သတိထားမိသွား Cop က မျက်​နှာကြီးရဲလာပြီး Kim ကိုအပြင်​ထွက်​ဖို့ လှမ်းပြောတယ်​။

Cop: "P Kim..အပြင်​ကိုထွက်​တော့"

Kim: "ဟမ်​..ဘာလို့လဲ..ကိုကြည့်​နေတာမပြီးသေးဘူးလေ"

Cop: "အရှက်​မရှိတဲ့လူကြီး အခုအပြင်​ကိုထွက်​မလား မထွက်​ဘူးလား"

Kim: "ထွက်​ပါ့မယ်​။ ဒါနဲ့ ဒီလိုပုံစံကို N Bas နဲ့ N Tee မြင်​ဖူးလား"

Cop: "ရေတောင်​အတူတူချိုးဖူးတယ်​"

Kim: "ဟာ ငါ့ကလေးတော့ ကုန်​ပါပြီကွာ"

Cop: "P ဘာတွေပြောနေတာလဲဗျာ"

Kim: "ကို့ကိုကတိတစ်​ခုတော့ပေး"

Cop: "ဘာကတိလဲ"

Kim: "ကိုကလွဲပြီး တစ်​ခြားသူတွေအရှေ့မှာ ဒီလိုပုံစံနဲ့မနေပါဘူးလို့"

Heart of MelodyWhere stories live. Discover now