✴️Part 7✴️

Start from the beginning
                                    

Cop: "ဒါပေမယ့်​ တစ်​ချို့ရှယ်​ယာရှင်​တွေကလဲ ကျွန်​တော့်​ လုပ်​ငန်းကို စိတိဝင်​စားနေကြတယ်​ဗျ"

Kim: "ကိုတစ်​ယောက်​တည်း ပိုင်​ဆိုင်​ခွင့်​မရှိဘူးလား"

Cop: "ဗျာ..."

Kim: "Aww..N ခေါ်ထားတဲ့ Share ကို ကိုအကုန်​ဝယ်​ထားတော့ N လဲ အလုပ်​သိပ်​မရှုပ်​တော့ဘူးလေ..ပြီးတော့ ကိုကတစ်​ခြားသူတွေနဲ့ ယှဉ်​တွဲပြီး လုပ်​ငန်းတစ်​ခုကိုလုပ်​တာ ဒါပထမဆုံးဆိုတော့..."

Cop: "ကောင်းပြီလေ ကျွန်​တော်​လဲ အလုပ်​ရှုပ်​သက်​သာသွားတာပေါ့ ကြေညာထားတဲ့ပို့စ်​ကို အခုပဲဖျက်​ပေးပါ့မယ်​။ စာချုပ်​အတွက်​ကတော့ မနက်​ဖြန်​မှ Rose ရုံးခန်းမှာပဲတွေ့ပြီး ဆွေးနွေးရအောင်​"

Kim: "Ok ကို့ကိုခွင့်​ပြုပါဦး"

Cop: "ကောင်းပါပြီ"

   Kim ကို Bas ကအိမ်​ရှေ့ထိ လိုက်​ပို့ပေးပြီး ပြန်​ဝင်​လာတော့ Tee နဲ့ Cop က ဧည့်​ခန်းထဲမှာထိုင်​နေတုန်းပဲ။ မျက်​နှာချင်းဆိုင်​မှာ Bas ဝင်​ထိုင်​တော့ Tee က စကားစပြောတယ်​။

Tee: "မင်း တစ်​ကယ်​ပဲ P Kim နဲ့ အလုပ်​တွဲလုပ်​မှာလား Ai Cop"

Cop: "အင်း ဘာလို့လဲ"

Tee: "Rose ကုမ္ပဏီက ရှယ်​ယာရှင်​တွေ ခေါ်လေ့မရှိတာကြောင့်​ မေးကြည့်​တာပါကွာ"

Cop: "ငါလုပ်​ငန်းတိုးချဲ့စရာရှိလို့ပါကွာ"

Bas: "အင်းလေ မင်းလုပ်​နိုင်​မယ်​ဆိုတာ ငါတို့သိပါတယ်​"

Cop: "ကျေးဇူးကွာ..မင်းတို့အတွက်​ ငါအခန်းပြင်​ခိုင်းပြီးပြီ"

Tee: "အပိုတွေလုပ်​မနေနဲ့ ငါတို့အတူတူအိပ်​နေကြကို"

Bas: "အေးလေ ငါတို့သုံးယောက်​အတူမအိပ်​ရတာကြာပြီ"

Cop: "မင်းတို့က ကလေးတွေလား"

Tee: "ဟေ့ကောင်​အပိုတေပြောမနေနဲ့ ငါတို့က ညီအကိုရင်းထက်​တောင်​ ပိုခင်​တွယ်​သေးတာကို"

Cop: "ငါဖျားနေတယ်​လေကွာ...အဖျားတွေကူးကုန်​မှာစိုးလို့ကွ"

Bas: "ဘာမှမဖျားဘူး အဖျားပါပျောက်​သွားမှာ လာပါကွာ"

   Cop ကိုဆွဲခေါ်ပြီး သုံးယောက်​သားတစ်​ကုတင်တည်းအတူတူအိပ်​ဖြစ်​ကြတယ်​။ အိပ်​ပျော်​နေတုန်းမှာ Tee ရဲ့ဖုန်းက မြည်​သံကြားရတယ်​။ ဖုန်းက Teeနံဘေးမှာဆိုတော့ Tee နိုးလာခဲ့တယ်​။ အိပ်​ချင်​မူးတူးနဲ့ ဖုန်းsecreen ကို မကြည့်​ပဲ ပြန်​ဖြေလိုက်​တယ်​။

Heart of MelodyWhere stories live. Discover now