✴️Part 5✴️

Start from the beginning
                                    

Mr Juraji: "သားရေ မသေချာပေမယ့်​ တစ်​ခုတော့ သိရတယ်​"

Tee: "ဘယ်​လိုသိရတာလဲ"

Mr Juraji: "လူကိုတော့ မသိရပေမယ့်​ ဟိုတစ်​လောက သားကြိုက်​တယ်​ဆိုတဲ့ Brand ကို ပစ္စည်းပြတ်​သွားတဲ့အထိ မှာသွားတဲ့ ကုမ္ပဏီနာမည်​ကို သိရတယ်​"

Tee: "ဘယ်​ကုမ္ပဏီကလဲ Mae"

Mr Juraji: "Darvid မိသားစုပိုင်​တဲ့ Star Music Agency ကတဲ့"

Tee: "ဘာ Music Agency က"

Mr Juraji: "အင်း သားကို သဘောကျနေတဲ့ အဆိုတော်​တွေဘာတွေများလား"

Tee: "အာ သားလဲမသိဘူးလေဗျာ"

Mr Juraji: "ကဲပါ မနက်​စာစားတော့ သားကျောင်းသွားရဦးမယ်​မလား"

Tee: "Khrap Mae"

မနက်​စာစားပြီး Teeတစ်​ယောက်​ ကျောင်းကိုကားမောင်းပြီး ထွက်​လာခဲ့တယ်​။ ကျောင်းချိန်​စောသေးလို့ ကားထဲမှာ သီချင်းဖွင့်​ထားရင်း အေးဆေးမောင်းနေတုန်း ရုတ်​တရက်​ ကားကရပ်​သွားတယ်​။ ဘာဖြစ်​သွားတာလဲဆိုပြီး ကားကိုစစ်​ကြည့်​တော့ ဆီပြတ်​သွားပုံပဲ။ ကျောင်းကိုလာခါနီး ဆီမစစ်​လာတဲ့ ကိုယ့်​ရဲ့အပြစ်​ပဲဆိုပြီး သူ့နှာဖူးသူပြန်​ရိုက်​နေလေရဲ့။ Tee တစ်​ယောက်​ သူ့အိမ်​ကို ဖုန်းဆက်​ဖို့ ပြင်​နေတုန်းမှာ အနီးအနားကို ကားတစ်​စီးရောက်​လာပြီး Teeရဲ့ကားရှေ့မှာ ရပ်​လိုက်​တယ်​။ နောက်​တော့ ကားထဲကနေထွက်​လာတဲ့ သူကြောင့်​ Teeတစ်​ယာက်​ ခဏတာ မင်​သက်​မိသွားတယ်​။ အသားညိုညိုနဲ့ ချောမောခံ့ညားနေတဲ့ အမျိုးသားက ဆင်းလာပြီး သူ့အနားကို လျှောက်​လာတယ်​။ အနားရောက်​တော့ နွေးထွေးတဲ့ အပြုံးတစ်​ခုနဲ့ ပြုံးပြလာခဲ့တယ်​။

"N ကားပျက်​သွားလို့လား.."

Tee: "အာ Khrap..ဆီပြတ်​သွားပုံပဲ"

"ဒါဆို ကို့ကားထဲမှာ ဆီအပိုပါတယ်​ ယူသွားလိုက်​လေ"

Tee: "အာ ရပါတယ်​ အားနာစရာကြီး"

"အားနာစရာမလိုပါဘူး ကိုကကူညီချင်​ရုံသပ်​သပ်​ပါ"

Tee: "အာ ကျွန်​တော်​.."

"ဘာမှမပြောနဲ့တော့ ကျောင်းနောက်​ကျနေဦးမယ်​။ ကို ဆီထည့်​ပေးလိုက်​မယ်​"

Heart of MelodyWhere stories live. Discover now