🍓 ᴛᴡᴇɴᴛʏ - ᴇɪɢʜᴛ

6.5K 973 87
                                    


တစ်ကိုယ်လုံးပေါ်ကြည့်မှန်ရှေ့တွင်အဝတ်လဲပြီးသည့်တိုင်အောင်အချိန်ကြာကြာရပ်လျက်သူမှိုင်တွေငေးမှိုင်နေမိသည် ။

ဆောင်း၏အအေးကိုခံနိုင်အောင်အပေါ်မှထပ်ဝတ်ထားသော သိုးမွေး​ခေါင်းစွတ်လေးနဲ့ဂျင်းပြဲအပြာရောင်လေးဖြင့်တွဲဝတ်ထားသောသူ့ရုပ်သွင်ကိုသူပြန်ကြည့်ရင်းအားမလိုအားမရသာဖြစ်မိသည် ။

ယခုမျက်နှာချင်းဆိုင်ပြဒါးမှန်တွင်ထင်ဟပ်နေသောPark Chan Yeolဆိုသောသူသည်ယခင်တုန်းကလိုအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်သော Park Chan Yeolမဟုတ်တော့ ။ မွေးကျေးဇူးမဆပ်နိုင်ရင်တောင် ကျေးဇူးမကန်းသင့်ဘူးဆိုသည့်ဆောင်ပုဒ်ကိုကြောက်ရွံ့ကာရင်ကွဲပြီးသေရမည့်ကိုယ့်သေတွင်းကိုကိုယ်ကိုယ်တိုင်နက်နက်နဲနဲတူးပြီးဝင်လှဲအိပ်ခဲ့သော ချစ်သူကိုအချစ်တွေအပြင်နာကျင်မှုတွေပါယှဉ်တွဲပေးနေမိသော ဘာသောက်သုံးမှမကျသောလူသားတစ်ယောက်ပင်ဖြစ်သည် ။

လက်ချောင်းလေးသာပေါ်သည်အထိရှည်လှသောသိုးမွေးအနွေးထည်အင်္ကျအားအနည်းငယ်ဆွဲတင်လိုက်စဥ် ညာဘက်လက်တွင်အမြဲလိုလိုတည်ရှိသောအနီရောင်ချည်ကြိုးလက်ပတ်လေးတစ်ကွင်း ။ အဖော်ဆိုသည့်ချစ်ရသူဆီမှမျက်ရည်တွေဖြင့်စွန့်ပစ်သွားခဲ့သော ပျက်ယွင်းနေသည့် လက်ပတ်လေးတစ်ကွင်းအားပြန်ပြုပြီး ထိုညာဘက်လက်တစ်ဖက်တည်းတွင်သာယင်းလက်ပတ်နှစ်ကွင်းကိုယှဉ်တွဲပတ်ထားသည်မှာသူ့အတွက်တော့ ရင်နာစရာမြင်ကွင်းလေးတစ်ရပ်ပင် ။

နှလုံးသားတစ်ခုလုံးနှင့် နင့်နေအောင်ချစ်ရတဲ့ချစ်ရသူအားချစ်လျက်နဲ့ရင်ကွဲခပြီးလမ်းခွဲခဲ့သူ့အတွက် ချစ်ရသူဆီမှခွင့်လွှတ်မှုဆိုသည်ကား သူနှင့်မထိုက်တန်သောဆုလာဘ်တစ်ခုအလား ။

တစ်နှစ် ။ အဟက် .. ပထမဦးဆုံးချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့ထူးနေ့မြတ်လေးမှာသူများချစ်သူစုံတွဲတွေလိုရင်ခုန်စရာကြည်နူးစရာအမှတ်တရလေးကိုလုပ်မပေးနိုင်ခဲ့သည့်အပြင် လမ်းခွဲစကားပြောကိုပါပြောထွက်လိုက်မိသည့်သူသည်အများအမြင်တွင်အသည်းနှလုံးမရှိသောလူလို့မှတ်ယူကာမုန်းတီးကြလိမ့်မည်ဆိုသည်ကားမလွဲဧကန် ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now