🍓 sᴇᴠᴇɴ

7.2K 1K 114
                                    


" အဟင်းးးးးး MaMa "

အိပ်ရာထပ်တွင်လဲလျောင်းနေသော ကျွန်တော့်ရင်ခွင်ထဲမှညည်းသံတစ်စုံတစ်ရာလေးတွေဖြင့် တအီအီနဲ့ နိုးလာသော သူ့ကြောင့် ဘယ်ချိန်ကတည်းကအိပ်ပျော်သွားမှန်းမသိသည့်ကျွန်တော်ပါ သူနဲ့အတူနိုးထလာခဲ့သည် ။

" ဟင် ! နားကား! Park Chan Yeol ! .. မင်းက .... ဘယ်လိုလုပ် ငါ့ အခန်းထဲ ရောက်နေတာလဲ ? ပြီးတော့ နေစမ်းပါဦး ငါကျောင်းမှာမဟုတ်ဘူးလား ? အဲ့ဒါကို ငါက ဘယ်လိုလုပ် ငါ့အိမ်က ငါ့အခန်းထဲကိုပြန်ရောက်နေရတာလဲ ? "

နာလန်ထခါစလူမမာလေး ။ မနေ့နေ့လည်ကတည်းက သူ့ကိုကျောင်းဆေးကနေပွေ့ချီလာပြီး အိမ်ပြန်ခေါ်လာခဲ့တာနဲ့ တစ်ညလုံးမအိပ်နိုင်ပဲသူ့ကိုရေဘက်ထိုင်တိုက်ပေးနေတာကိုတော့ သတိမရ ၊ မမှတ်မိပဲ ။

သူ့ကုတင်ပေါ်ရောက်နေတဲ့ ကျွန်တော့်ကိုမျက်စောင်း တခဲခဲနဲ့စွေကြည့်လျက် နှုတ်ခမ်းလေးထော်ကာ မေးမြန်းခန်း ထုတ်၍နေသည်မှာ အသဲယားပြီးဖက်နမ်း ပစ်ချင်စရာပင်ကောင်းနေ ။

" လာ ကိုယ်ပူစမ်းကြည့်ရအောင် "

ရုတ်တရက်သူ့နဖူးကိုလက်ဖဝါးဖြင့်လှမ်းကပ်လိုက်တော့ ပြူးကြောင်ကြောင် ဖြစ်သွားသော ကလေးမသာလေး ။

" အင်းး ကိုယ်ပူကျသွားပြီပဲ .. ဒါပေမယ့် .. ကိုယ်က နွေးရုံမျှတော့ရှိနေသေးတယ် "

" Ya !!! သေချင်းဆိုးနားကား မင်းနားက အရမ်းကြီးလွန်းလို့ ငါမေးနေတာတွေကို မကြားရတာလားဟမ် ! ငါမင်းကိုမေးနေတယ်လေ!! ငါ့အိမ်ထဲကိုဘယ်လို ရောက်လာတာလဲ ငါ့အခန်းထဲကိုဘယ်လိုလုပ်ရောက်နေတာလဲ !! ငါ့ကုတင်ပေါ်ကို မင်းဘာလို့လာတက်အိပ်နေရတာလဲလို့ !! "

ပြန်လာပြီ ။ ပြန်လာပြီ ။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ အပေါက်ဆိုးတဲ့ ကလေးမသာလေး ပြန်ရောက်လာခဲ့ပြီ ။

ကိုယ်ပူစမ်းပေးနေတဲ့ ကျွန်တော့်လက်ကိုမညှာမတာ ဖြတ်ခနဲရိုက်ချပြီး စိတ်ဆိုးဒေါသထွက်နေတဲ့ ဟန်ပန် အမူအယာတို့ကိုလုပ်ပြရင်း နှုတ်ခမ်းလေးတထော်ထော်နဲ့ မေးခွန်းများစွာအဆက်မပြတ် မေးနေသော ကလေးမသာလေး ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now