🍓 ᴇɪɢʜᴛ

7.3K 978 75
                                    


" Ya! BYUN BAEK HYUN !!! "

" အမလေး !! "

အခန်းထဲရောက်လို့ ကိုယ့်စာရေးစားပွဲခုံပေါ်သို့ လွယ်အိတ်တင်ပြီး ထိုင်မလို့ကြံကာရွယ်တုန်းရှိသေးရုတ်တရက် အတန်းဝကစူးစူးဝါးဝါးကြားလိုက်ရတဲ့ ခေါ်သံကြောင့် ထိုင်ခုံပေါ်သို့ပုံပျက်ပန်းပျက်ထိုင်ချမိကာ ရင်ဘတ်ကိုလက်ဖြင့်ဖိလိုက်မိသည့်ကျွန်တော် ။

တစ်ချက်အတန်းဝဘက်သို့လှမ်းကြည့်လိုက်တော့ စားမတက် ဝါးမတတ် မျက်လုံးတွေနဲ့လူကိုကြည့်နေတဲ့ Kyung Sooတို့ သုံးယောက် ။ ဒီကောင်တွေဘာဖြစ် ။ အသံတွေကလဲပြဲလို့ ။ သူတို့ကိုယ်သူတို့ ငါးစိမ်းတန်းထဲများရောက်နေသလားလို့အောင်းမေ့နေလားမသိ ။

" ငလုနဲ့ ငမင် ... Baekhyunကိုခေါ်လာခဲ့ "

လူဆိုးဂိုဏ်းထဲကဂိုဏ်းချုပ်ပုံစံနဲ့ လက်နှစ်ဖက်ကို မြိန်မြိန်ကြီးပိုက်ပြီးပြောလိုက်သော KyungSooစကားအား အနောက်ကနေတစ်သွေမသိမ်းလိုက်နားထောင်ပြနေသော Luhanနဲ့ Minseok ။

လူကောင်ချင်းကမတိမ်းမယိုင်းဖြစ်ကြသော်လည်း သူတို့နှစ်ယောက်အားနှင့်ယှဉ်ရင်တော့ တစ်ဝက်တိတိ လျော့နေသည့်အတွက် ချိုင်းမှ'မ'မြှောက်ပြီး ဆွဲခေါ်သွားကြသောသူတို့အနောက်သို့ ကျွန်တော့်ခင်ဗျာ တရားခံတစ်ယောက်ကဲ့သို့ပင်မျက်နှာငယ်လေးနဲ့ အူကြောင်ကြောင်ပုံစံဖြင့်သာပါသွားခဲ့ရသည် ။

" ဒီမှာထိုင် "

ဘယ်ချိန်ကတည်းကပြင်ဆင်ထားသလဲမသိသည့် အားကစားခန်းမအလယ် ထင်းနေအောင်မြင်နေရသော
ထိုင်ခုံပေါ်သို့ထိုင်ခိုင်းပြီးလက်နှစ်ဖက်ကိုနောက်ပြန်ကြိုးတုပ်ထားလျက်ပခုံးတစ်ဖက်ဆီ၌လက်တစ်ဖက်ဆီ ဖိကိုင်ထားသော Luhanနဲ့ Minseok ။

" ငါတို့ မင်းကိုမေးစရာရှိတယ် "

မေးစရာရှိရင်လည်း ကောင်းကောင်းမွန်မွန်မေးလို့ရရဲ့သားနဲ့ ။ လူဆိုးဂိုဏ်းကအပြစ်လုပ်ထားတဲ့ လူဆိုးတစ်ယောက်ကိုအပြစ်ပေးသလိုလိုပုံစံနဲ့ ပလိပ်စစ်စစ်နေတဲ့ KyungSooရဲ့လက်ထဲမှကိုင်ထားသောသခွားသီး ပန်းကန်အား မြင်လိုက်ရသည်နှင့် မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်သွားခဲ့ရသော ကျွန်တော် ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now