🍓 ᴛᴡᴇɴᴛʏ

6.4K 957 131
                                    


" Noonaမဟုတ်ဘူး ... မင်းကို .... ငါ့နှလုံးသားက "

ရုတ်တရက်ကြီးပေါ့ပါးသွားခဲ့ရသောရင်တစ်ဖို ။ ဒီ တစ်လျှောက်လုံးဝေခွဲမရတဲ့ သံယောဇဉ် နှစ်ခုကို
ယှဉ်တွဲပြီး ထည့်ထားလာမိရလို့လား မသိ ။

တစ်ခုအားမီးစိမ်းပြပြီးလက်ခံလိုက်လျက်ကျန်တစ်ခုအားမီးနီပြကာခွဲထုတ်လိုက်သည့်အတွက်ပေါ့ပါးသွားရသောရင်တစ်ဖိုနှင့်အတူလျော့ကျသွားခဲ့ရသောခေါင်းထဲမှ မရေရမသေချာတွေဝေနေသောအတွေးတွေ ။

ဟားးးး အခုမှပဲ Park Chan Yeolတို့အသက်ဝဝရှူလို့ရ ရတော့တယ် ။

" ပြောင်တာနဖူးပဲကောင်းတယ် Park Chanyeol  " 

ရင်ဘတ်ကိုလက်ကလေးတစ်စုံဖြင့်တွန်းထုတ်ပြီးရင်ခွင်ထဲမှပြန်ရုန်းထွက်သွားပြီးမျက်နှာချင်းဆိုင်ရပ်လျက်အငိုမျက်ဝန်းတွေနဲ့စိုက်ကြည့်ရင်းပြောလာတဲ့ သေးသေးလေး ။

" မဟုတ်ဘူး Baekhyunee .. ငါပြောင်ပြောနေတာမဟုတ်ဘူး .. ငါမင်းကိုတကယ်အတည်ပြောနေတာ "

သူ့ ပါးပြင်ပေါ်သို့တဖြေးဖြေးကျဆင်း၍လာသောမျက်ရည်စက်ကလေးတို့အားလက်မလေးဖြင့်ဖိသုတ်ပြီးပြောလိုက်တော့မျက်ရည်သုတ်ပေးနေတဲ့ကျွန်တော့် လက်ကိုဖြတ်ရိုက်ချပြီးအနောက်သို့ခြေလှမ်းနှစ်လှမ်းထပ်ဆုတ်သွားခဲ့ကာကျွန်တော့်အားမျက်နှာလွဲထားလို့နေရဲ့ ။

တကယ်ပဲ .. ကျွန်တော့်ရဲ့ခံစားချက်အစစ်အမှန်တွေကိုဘာလို့များ လွယ်လွယ်ကူကူနဲ့မယုံကြည်ပေးနိုင်ရတာလဲ  ! ။

" မင်းငါ့ကိုဘာလို့ရှောင်နေတာလဲ Baekhyunee "

" ငါမင်းကိုဘယ် .. ဘယ်မှာရှောင်လို့လဲ ! "

ကြည့် ။  ကြည့် ။ အဲ့ဒါပဲကြည့် ။ မရှောင်ဘူးလို့ပြောပြီး ကျွန်တော့်ကို မျက်နှာလွဲထားပြီးထစ်ထစ်အအနဲ့စကား ပြန်ပြောနေတာကိုပဲကြည့် ။ တကယ့်ကို ခေါင်းမာလွန်းတဲ့ သေးသေးလေး ။

" အခု မင်းငါ့ကိုမျက်နှာလွဲထားတာကရှောင်နေတာမဟုတ်လို့ ဘာလဲ ပြော!  "

" ...... "

" မင်းငါ့ကိုရှောင်နေတာအခုမှမဟုတ်ဘူးBaekhyunee ဟိုတစ်ခါစာအုပ်ဆိုင်မှာငါမင်းကိုငယ်သူငယ်ချင်းလို့ပြောလိုက်တဲ့အချိန်ကတည်းကစပြီး မင်းငါ့ကိုရှောင်နေတာ အခု မင်းဇာတ်ခုံပေါ်ကဆင်းလာပြီး ငါပေးတဲ့ ရေဘူးကိုတမင်လွှတ်ပစ်ပြီးငါ့အရှေ့ကနေထွက်ပြေးသွားတဲ့အချိန်ထိကိုမင်းငါ့ကိုရှောင်နေတာ အဲ့ဒါကိုမှ ငါကမင်းငါ့ကိုရှောင်နေတာလို့မသတ်မှတ်ရရင်မင်းပြောငါဘယ်အရာကိုမင်းငါ့ကိုရှောင်နေပါတယ်လို့ဆိုပြီး ခေါင်းစဉ်တပ်ပြီးသတ်မှတ်ပေးရမှာလဲ ဟမ် !! ပြောလေ .. မင်းပြောလေ "

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now