🍓 ɴɪɴᴇ

7.2K 1K 193
                                    

တိတ်ဆိတ်နေသော စာသင်ခန်း ။ အတန်းထဲ ဆရာမရှိတာတောင်တစ်ချက်ဆူညံ့ခြင်းမရှိ ။ ကိုယ်လုပ်ရမည့်စာတို့ကိုသာအချင်းချင်းတိုးတိုးတိတ်တိတ်လုပ်နေကြသလို ။ တစ်ဦးတည်း ၊ တစ်ယောက်တည်း နားကျပ်တတ်၍လည်းသီးသန့် လုပ်နေကြသော 3-1အတန်း ။

အတော်သူတွေပဲစုပုံရှိသည့်အတန်းမလို့ အချိန်ပြည့်သာ
သူ့ထက်ငါသာ စာကြိတ်လုပ်နေကြသည်မှာလည်း3-1ရဲ့
ထုံးတမ်းအစဉ်အလာ တစ်ရပ်ပင် ။

လက်ထဲကဖတ်လတ်စtext bookကိုစားပွဲခုံပေါ်သို့အသာချလိုက်ကာ နံဘေးတွင်ရှိသော ပြတင်းပေါက်မှ
အပြင်ဘက်သို့စိတ်ပြေလက်ပျောက် တစ်ချက်လှမ်းကြည့်လိုက်သောအခါ မြင်လွှာအတွင်းဝင်လာတဲ့ မြင်ကွင်းလေးမှ ဝါးခနဲထင်းနေအောင် တွေ့လိုက်ရတဲ့ ဟိုကလေးမသာလေးရဲ့ရှားပါးလွန်းတဲ့ အပြုံးလေးကြောင့်ရနေတဲ့ Stressတို့တောင်ပျောက်ကွယ်သွားသလိုလို ။

ပြောမယ့်သာပြောရတာ အဲ့ကလေးမသာလေးက အပေါက်သာမဆိုးရင် အတော်ချစ်ဖို့ကောင်းလိုက်မယ့်ကောင်လေးတစ်ယောက်ဖြစ်လိုက်မယ့်ဖြစ်ခြင်း ။

ဘောလုံးကွင်းထဲတွင် သူငယ်ချင်းတစ်သိုက်နဲ့ ဘောလုံး ဆော့နေတဲ့ ကလေးမသာလေး ။ ကြည့်ရတာ သူတို့အတန်းရဲ့ ကာယအချိန်ထင်သည် ။ တစ်တန်းလုံး ထွက်ပြီး ပျော်ပျော်ရွင်ရွင်နဲ့ ဘောလုံးဆော့နေကြလိုက်တာ တကယ့်ကို မူလတန်းကလေးလေးတွေအလား ။

" ဟျောင့် Chanyeol ဘာတွေကြည့်ပြီးပြုံးနေတာလဲ "

Oh God ! ။ ကျွန်တော်ပြုံးမိသွားတာလား .. ? ။

သင်္ချာကုန်းတွက်နေရင်းကနေကောက်ကာငင်ကာကြီးထမေးသောJongin ။ အနားသို့ကပ်လာပြီး ကျွန်တော်ကြည့်နေသောနေရာအား လိုက်ကြည့်၍ ...

" သြော် .. ဒါကြောင့်ကိုး "

" ဘာလဲ Jongin ဒီကောင်ဘာကိုကြည့်ပြီးပြုံးနေတာလဲ "

ခေါင်းတညိတ်ညိတ်နဲ့ သူ့ကိုသူ ဆရာကြီးလိုလို ဘာလိုလိုနဲ့ အိုက်တင်ဖမ်းနေသော Jonginအား အရှေ့တန်းမှအနောက်လှည့်လာပြီး လှမ်းမေးလာသောSehun ...

" ဘာဖြစ်ရမလဲကွာ ထုံးစံအတိုင်း မတည့်အတူနေ မတွေ့မနေနိုင် မရှိလွမ်းနေရတဲ့ သူ့ရဲ့ရန်ဖြစ်ဖော်ရန်ဖြစ်ဖက် ဂျူဒိုချန်ပီယံကြီး Byun Baekhyunပဲပေါ့ "

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now