🍓 sɪx

7.3K 991 91
                                    


" Ya ! ဟိုမှာကြည့်စမ်း "

" ဟယ် ချစ်စရာလေး ခစ်ခစ် "

ခြုံပုတ်တစ်ခုအနောက်တွင် ထိုခြုံပုတ်အား အကွယ်ယူပြီး ကုန်းကုန်းကွကွဖြင့်ထိုခြုံပုတ်နှင့်၇ပေအကွာတွင်ရှိသောခုံတန်းလေးတစ်ခု၌ထိုင်နေသောSo Riအား လက်ဘယ်ညာတွင် စတော်ဘယ်ရီ ရေခဲမုန့်ဘူးလေးတစ်ဖက် ၊ မိုးပျံပူဖောင်းတစ်ဖက်စီကိုင်ပြီး ခေါင်းတွင် စတော်ဘယ်ရီသီးပုံပါသည့်ခေါင်းစည်းကြိုးလေးဖြင့် ကြက်တောင်စည်းလေးနှစ်ဖက်နဲ့ ချောင်းကြည့်နေသော Baekhyun ။

သူ့နံဘေးနားကဖြတ်သွားသော ကောင်မလေးတွေရဲ့ ရယ်သံနဲ့စကားသံတို့အား ကြားလိုက်ရသည်နှင့် ကုန်းကုန်းကွကွလုပ်နေသည်ကိုရပ်ပြီးရုတ်တရက်မတ်တပ် ထရပ်လိုက်ကာ ...

" အာ ... ကျစ် ! တကယ်ပဲကွာ .. ကုန်းကုန်းကွကွနဲ့ ဟိုချောင်းဒီချောင်းလုပ်နေရတာ တကယ့်ကို ဆိုဒ်ပျက်လိုက်တာ "

မိုးပျံပူဖောင်းကြိုးလေးကိုင်ထားသည့်ဘယ်ဘက်လက်ဖြင့် ခါးထောက်ကာစုတ်တစ်ချက်သပ်လိုက်သည် ။

ထို့နောက် စတော်ဘယ်ရီရေခဲမုန့်အားပါးစပ်ထဲသို့အလုတ်ကြီးကြီးခပ်သွင်းကာခါးပြန်ထောက်လျက် သူရောက်နေသောပန်းခြံထဲသို့တစ်ပတ်မျက်လုံးဝှေ့ကစားကြည့်လိုက်သည် ။

" တောက်စ် ! ဟိုသေချင်းဆိုးနားကား အခုထိကိုပေါ်မလာသေးဘူး ဒီကိုလာတဲ့လမ်းမှာများမာလကီးယား သွားပြီလား မသိဘူး "

တောက်တစ်ချက်ခေါက်ကာဒေါကန်နေ​သော Baekhyun ။ သူ့ကတိအတိုင်း သူ့Noonaနဲ့Chanyeolကိုအပြင်တွင်လွတ်လွတ်လပ်လပ် ပေးတွေ့သော်လည်း Noonaဖြစ်သူကို အပြင်သို့ တစ်ယောက်တည်းလွှတ်လိုက်ဖို့စိတ်မချနိုင်သည့်သူ့ရဲ့စိတ်ကြောင့် သူ့Noonaမသိအောင် အနောက်ကနေ တိတ်တိတ်ကလေး ခိုးလိုက်ကာချောင်းနေရသည့် သူ့အဖြစ်သည် မသိလျှင်ပန်းခြံတွင်အတွဲလိုက်ချောင်းနေသော နှာဘူးအသေးစားတစ်ယောက်လုံးလုံးနှင့်ပင်အလားအလာသွားလို့တူနေရပေသည် ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now