🍓 ᴛᴡᴇɴᴛʏ - ᴛʜʀᴇᴇ

6K 862 26
                                    


အချစ်ကStrawberryလိုပဲ ချိုမြိန်တယ် ။ နူးညံ့တယ် ။ လှပတယ် ။ အချိန်တိုလေးအတွင်းမှာလူတစ်ယောက်ရဲ့စိတ်နဲ့နှလုံးသားကိုပြောင်းလဲပစ်နိုင်စွမ်းရှိတယ် ။

အဲ့လိုပဲသူ့ကိုကျွန်တော်ချစ်မိတဲ့အချစ်ကလည်းစတော်ဘယ်ရီမခြား ။ ကျွန်တော်ခံယူထားတဲ့သဘာဝကိုမဆန့်ကျင်တဲ့မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်သာအပြန်အလည်ချစ်ခွင့်ရှိသည့်အချစ်ကို အချိန်တိုလေးအတွင်းပြောင်းလဲသွားစေခဲ့သည် ။

" အသက်ကလေး "

ကြားလိုက်ရတဲ့၆ရက်တိတိမကြားရတာကြာပြီဖြစ်သောခေါ်သံလေးနဲ့အတူ၆ရက်ကိုအနှစ်၆၀အထင်နဲ့လွမ်းနေရသောအပြုံးလေးတွေဝေဆာနေသည့်သူ့မျက်နှာလေး ။

စာမေးပွဲမဖြေခင်တစ်ရက်အလိုလောက်တွင်နှစ်ယောက်အတူတစ်နေကုန်ဒိတ်လုပ်ခဲ့ကြပေမယ့်လည်း စာမေးပွဲဖြေသည့် ၆ရက်လုံးလုံးစာဖြင့်သာလုံးပန်းနေရတာကြောင့်အိမ်ချင်းမျက်နှာချင်းဆိုင်ဖြစ်နေသော်လည်း ပင်လယ်သမုဒ္ဒရာတွေခြားသလိုအလွယ်တကူထွက်မတွေ့နိုင် ။

ဒါ့အပြင် ဆိုးတာက Noonaအရှေ့တွင် အရင်ကလောက်
ပိုပြီး သူနဲ့ နီးနီးကပ်ကပ် မနေပြချင်တာပဲ ။

Noona သိထားတာက သူနဲ့ ကျွန်တော်ကို မတည့်အတူနေ
ကြောင်နဲ့ကြွက် ၊ ငယ်သူငယ်ချင်းလို့ပဲ သိထားတာ ။

အခုလိုမျိုး သူနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်သွားတာကိုများ
သိလို့ကတော့ ကျွန်တော့် Noona ဝမ်းနည်းသွားမှာ
သေချာတယ် ။

သို့အပြင် Byun Baekhyunဆိုတဲ့ ကျွန်တော်ကလည်း
တစ်ယောက်တည်းရှိသော Noona မျက်နှာညိုးငယ်နေတာတို့
ဝမ်းနည်းနေတာတို့ကို မြင်ရ ၊ တွေ့ရတာ မကြိုက်တဲ့ ကောင် ။

နောက်ပြီး Noonaက သူ့ကိုချစ်နေတာဆိုတော့ . .
အဟင်း း း း တွေးရင်း . . . တွေးရင်း ရင်ဘတ်က
တစ်ချက် ၊ တစ်ချက် အောင့် . .အောင့်လို့လာ ။

" ဟိတ် ဘာတွေ တွေးနေတာလဲ !
ကိုယ့်အသက်ကလေး ဟင်! "

ရင်လေးစရာများ တွေးရင်း ၊ တွေးရင်း လျှောက်လာခဲ့တာ
သူ့ရပ်စောင့်နေသော ကျောင်းတံခါးဝဂိတ်သို့ ရောက်နေ
သည့်တိုင် အသိမကပ်နိုင် ဖြစ်နေလိုက်တာ ညာဘက်
လက်ချောင်းလေးတွေကြား သူ့လက်ချောင်းလေးတွေ
တိုးဝင်လာပြီး လက်ကို ခပ်တင်းတင်းလေး ဆုတ်ကိုင်
လိုက်ရာမှပဲ စိတ်နဲ့ လူ ပြန်ကပ်လာတာကိုပဲ ကြည့် ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now