🍓 ᴛᴡᴇɴᴛʏ - sɪx

5.6K 1K 103
                                    


Knock Knock !!!

" မောင်လေး ... အမလေး !! "

မောင်ဖြစ်သူ၏အခန်းတံခါးလေးအားအပြင်ဘက်မှအသာခေါက်ကာအခန်းထဲသို့ဝင်လာခဲ့သောသူမ ။ အခန်းတံခါးဖွင့်ပြီးအခန်းထဲသို့ခြေလှမ်းတစ်လှမ်းသာလှမ်းလိုက်ရသေး ။ ကုတင်ထပ်တွင်ဒူးစုံပိုက်ကာမျက်တွင်းဟောက်ပက်ဖြင့်ငူငေါင်နေသောသူ့အားသူမဘွားခနဲတွေ့လိုက်ရခြင်းကြောင့်သူမရင်ဘတ်ကိုလက်ကလေးတစ်ဖက်ဖြင့်ဖိကာအနည်းငယ်လန့်ဖြန့်သွားခဲ့ရသည် ။

" မောင် .. မောင်လေး ... တစ်ညလုံးမအိပ်ပဲဒီလိုပဲထိုင်နေခဲ့တာလား!  ဟင် ! မောင်လေး !! "

သူမမေးသော်လည်းဘာမှပြန်မဖြေ ။ မျက်တောင်တစ်ချက်မခတ်ပဲ သူငူငေါင်မြဲငူငေါင်နေတာကြောင့် ။ သူမ သူ့အနားသို့လျှောက်သွားကာကုတင်ပေါ်သို့တင်ပါးစောင်းလေးထိုင်ကာသူ့လက်မောင်းလေးအားတစ်ချက် လှုပ်ရမ်းကာ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်မိသည် ။

" မောင်လေး "

" ဟင် ! "

ထူးသံလေးတစ်သံနဲ့အသိပြန်ကပ်လာခဲ့သောသူ ။ လေးရက်တိတိကျောင်းမသွားအခန်းထဲပဲအောင်းနေပြီးအထဲမှအခန်းတံခါးကိုလော့ချထားတာကြောင့် သူမခင်ဗျာ မောင်ဖြစ်သူဘာများဖြစ်လို့လဲဆိုပြီးစိတ်ပူကာသူမတွင်အပိုရှိနေသောအခန်းသော့အပိုလေးဖြင့်ဖွင့်ပြီးအခန်းထဲကမောင်ဖြစ်သူကိုသူမလာအကဲခတ်ကြည့်လိုက်တော့ စိတ်နဲ့လူနဲ့မကပ်ပဲငေးတိငေးငိုင်နေနေသောသူမ၏မောင်လေး ။

လေးရက်လောက်အခန်းပြင်ဘက်သို့ထွက်လာပြီးဘာမှထွက်မစား ။ အိပ်ခန်းထဲရှိရေခဲသေတ္တာအသေးလေးထဲမှရေဗူးလေးတွေဖြင့်သာအဖော်ပြုနေသည်မှာ ယခင်က ပါးဖောင်းဖောင်းလေးတွေနဲ့ မောင်ဖြစ်သူ၏ရုပ်အသွင်သည်ယခုချောင်ကျသွားသည့်မျက်နှာကသက်သေထူပြနေ ။

" မောင်လေးဘာဖြစ်လို့လဲ ! .. နေမကောင်းဘူးလား !
ဘာလို့လေးရက်လုံးလုံးအခန်းတံခါးကိုပိတ်ပြီးနေနေတာလဲ! ဟင် ! မောင်လေး !! "

မိဘနှစ်ပါးကအလုပ်နဲ့ဘူဆန်သို့ခရီးထွက်သွားသည်မလို့ ယခုလိုမောင်ဖြစ်သူ၏အခန်းအောင်းနေမှုကိုဘာမှမသိရ ။ နို့မို့သာဆိုယခုမောင်ဖြစ်သူ၏စိတ်နဲ့လူမကပ်နေတဲ့ပုံကို တွေ့ပြီးဝမ်းနည်းကာငိုနေမည့်မိခင်၏မျက်နှာအားသူမ မြင်လွှာထဲခပ်ရေးရေးလေးပြေး၍မြင်ယောင်မိသည် ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now