🍓 ᴇʟᴇᴠᴇɴ

7K 1K 185
                                    


" ကဲ တပည့်တို့ အပျော်ခရီးထွက်လာကြတာမလို့ လူတိုင်းလွတ်လွတ်လပ်လပ်စိတ်ကြိုက်ပျော်ပျော်နေလို့ ရတယ် ဒါပေမယ့် ဆရာတွေစိတ်ပူရအောင်ဖြစ်စေမယ့် အရာမျိုးတွေလုပ်တာကိုတော့ ဆရာတို့ခွင့်မပြုဘူးနော် "

" ဟုတ်ကဲ့ "

" စိတ်ချပါ ဆရာJung "

" ဒီနှစ်တော့ဆရာတို့အရင်နှစ်ကလိုHotelတွေမှာမတည်းပဲ လွတ်လွတ်လပ်လပ်နေလို့ရအောင်ဆရာတို့တပည့်တို့တွေနေဖို့အိမ်ရှစ်လုံးစီစဉ်ပေးထားတယ် "

" ဝါးးးးးး ....!!!!! "

" မိန်းကလေး၂၈ယောက် ၊ ယောကျ်ားလေး ၂၈ စုစုပေါင်းလူ၅၆ယောက်ဆိုတော့ မိန်းကလေး၄အိမ် ယောကျ်ား၄အိမ်ခွဲပြီးနေလို့ရမယ် ပြီးတော့ တစ်အိမ်ကို လူ၇ယောက်ပဲနေလို့ရတာမလို့ တပည့်တို့သူငယ်ချင်း အချင်းချင်းပဲတိုင်ပင်ပြီးခွဲနေကြလိုက် ဟုတ်ပြီလား "

" ဟုတ်ကဲ့ ဆရာ "

" ဟုတ်ပြီ အဲ့ဒါဆို ဆရာသော့တွေကို Byun So Riနဲ့ Byun Baek Hyunတို့မောင်နှမနှစ်ယောက်လက်ထဲ သော့လေးချောင်းဆီခွဲပေးထားခဲ့တယ် ကျန်တာကိုတော့ တပည့်တို့ဘာသာတပည့်တို့ပဲ ကြည့်လုပ်လိုက်ကြ ဟုတ်ပြီလား "

" ဟုတ်ကဲ့ ဆရာ "

ဂျူဒိုနည်းပြဆရာJungမှမှာစရာရှိတာမှာပြီးထွက်သွားသည်နှင့်အနောက်တွင်ကျန်ရစ်ခဲ့သော ကျောင်းသားကျောင်းသူ၅၆ယောက်တို့ခင်ဗျာ ကိုယ်နဲ့အတူတူနေဖို့ အခန်းဖော်ရှာဖွေရေးတို့အားစတင်စကားများ၍တိုင်ပင်ကြကုန်လေသတည်း ။

" ဝါးးးးးး အိမ်လေးက လှသား .. အပြင်အဆင်လေးကလည်း ချစ်စရာလေး အဟိ "

ထိုသို့ကလေးဆန်သည့်ချစ်စရာစကားလေးအားပြောလိုက်သူသည်ကားတစ်ခြားသူမဟုတ် ။ လူတစ်ယောက် အရပ်သာသာရှိသည့် ပန်ဒါဝက်ဝံအရုပ်ကြီးကိုရင်ဝယ်ပိုက်ထားသော Byun Baek Hyunတစ်ယောက်ပင် ။

သူများတကာတွေတစ်အိမ်တည်းအတူတူနေဖို့သူငယ်ချင်းရှာနေစဉ် Baekhyunနဲ့ Chanyeolတို့မှာတော့မူ သူများတွေလိုစကားရှည်ရှည်ဝေးဝေးမပြောလိုက်ရ ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now