🍓 ғᴏᴜʀ

7.2K 1K 176
                                    


" ထိုင် သား"

" ဟုတ်ကဲ့ ဒေါ်လေးမေ "

ဒေါ်လေးမေ လက်ညွှန်ပြရာဆိုဖာ၌ အသာဝင်ထိုင်လိုက်ပြီး ဧည့်ခန်းထဲ မျက်စိတစ်ချက်ကစားကာ လိုက်ကြည့်လိုက်သောအခါ ယခု ကျွန်တော်ရောက်နေသည့် Byunအိမ်တော်သည် အရင်ကနှင့်မတူ တမူထူးခြားနေသည် ။

ထိုထူးခြားရခြင်း၏အကြောင်းအရင်းသည်ကား တခြားမဟုတ် ။ ငှက်ဆိုးထိုးအသံပိုင်ရှင် ကလေးမလေး၏အသံအားမကြားရခြင်းကြောင့်ပင်ဖြစ်သည် ။

" ဟီးးး ဒေါ်လေးမေ .. ဟိုလေ ... အိမ်မှာBaekhyunမရှိဘူးလား ဟင် "

ကလေးမသာလေးကိုမေးလိုက်လို့ ခင်ဗျားလေးတို့ တစ်မျိုး မထင်သွားလိုက်နဲ့ ။ အဲ့ဟာလေးမရှိရင်သူ့Noonaဆီက အဖြေတောင်းမလို့ ။ အဲ့ဒါကြောင့် ကျွန်တော့်ကို ခဏခဏအန္တာရယ်ပေးနေတဲ့ဟာလေးရှိမရှိကိုအရင်မေးထားရတာ ။

ကျွန်တော်သွားတိုက်ဆေးတွေရောင်းပြီး မေးလိုက်တော့ ကျွန်တော့်ကိုကြည်ပြီး ပြန်ပြုံးပြလာသောဒေါ်လေးမေ ။ ဘာတွေများစိတ်ထဲကြိတ်ပြီး သဘောကျနေသလဲ မသိ ။

" မရှိဘူး သားရဲ့ သားသူငယ်ချင်းက ကျောင်းပိတ်ရက်တွေမှာဆို အိမ်မှာမရှိဘူး လမ်းထိပ်ကလေးကစားကွင်းမှာပဲ တစ်နေကုန်အချိန်ဖြုန်းပြီး ညနေစောင်းချိန်ကျမှပြန်လာတတ်တာ သားရဲ့ "

ကလေးမသာလေးဆိုတဲ့ နာမည်နဲ့လိုက်လိုက်ပါ့ ။

ဘာတဲ့ ။ ကလေးကစားကွင်းမှာပဲတစ်နေကုန်အချိန်ဖြုန်းတတ်တယ်ဆိုပဲ ။

အဟက် ။ ဒါPark Chan Yeolတို့အတွက် အခွင့်အရေးကောင်းပဲ ။

အဲ့ကလေးမသာလေး သူ့အိမ်မှာမရှိတုန်း Noonaဆီက
အဖြေကိုမရရအောင် ပြန်အစ်ပြီးတောင်းရမယ် ။

ဟိုတစ်နေ့ကလည်း အဖြေတောင်းမလို့ကို တစ်နေ့တည်း ခြေထောက်ကိုနှစ်ကြိမ်တက်နင်းလိုက်တဲ့ကလေးမသာလေးကြောင့် ခြေချောင်းတွေနာတာ နာတာဆိုတာလေ ။ ဆေးရုံက အထူးကုပါရဂူနဲ့သွားပြရတဲ့အထိပဲ ။

" အာာ ... ဒါနဲ့ ဒေါ်လေးမေ ဒီဟာလေး     ...  မေမေက
ဒေါ်လေးမေတို့ကိုပေးခိုင်းလိုက်တဲ့ လက်ဆောင်ပါ "

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now