🍓 ᴛʜɪʀᴛᴇᴇɴ

7.2K 1K 214
                                    


အချိန်အခါမဟုတ်ရုတ်တရက်ညဘက်ကြီး မိုးထရွာမှုကြောင့်အအေးဓာတ်ပိုလာသည့်အတွက်ရင်ခွင်ထဲသို့ ခေါင်းလေးနဲ့ တိုးဝှေ့ဝင်လာတဲ့သူ့ကြောင့်ကျွန်တော် အိပ်နေရာမှနိုးလာခဲ့သည် ။

အတူတူခြုံကြတဲ့ဂွမ်းစောင်လေးကိုလည်ပင်းအထိရောက်အောင်ဆွဲယူခြုံပြီး ဂွမ်းစောင်အောက်ကအနည်းငယ်ပူးကပ်နေသည့်ကျွန်တော့်ကိုယ်ထဲကိုမျက်လုံးမှိတ်ကာတအင်းအင်းနဲ့ညည်းလျက်တိုးဝင်လာတဲ့သေးသေးလေး ။

သူ့ ခေါင်းလေးကိုကျွန်တော့်လက်မောင်းပေါ်သို့ တင် ပေးပြီးရင်ခွင်ထဲသို့ သူ့ကိုယ်လေးကိုဆွဲသွင်းကာတစ်ဖန် ပြန်ထွေးဖက်ပေးလိုက်တော့ " နွေးလိုက်တာ"ဆိုကာ မျက်လုံးမှိတ်လျက်ပြုံးရယ်ပြီးယောင်နေတဲ့သေးသေးလေး ။ ဘယ်လိုဟာလေးမှန်းကိုမသိဘူး ။ ဒီအသက်အရွယ်ထိကိုငယ်ကျင့်ကိုမပျောက်နိုင်သေးဘူး ။

အခုချိန်ထိအေးလာပြီဆိုတာနဲ့ ဘေးမှာသူနဲ့အတူအိပ်နေတဲ့လူရဲ့ရင်ခွင်ထဲကိုတိုးတိုးဝင်တတ်တဲ့မကောင်းတဲ့ အကျင့်ဆိုးလေး ။ နောက်မှအချိန်ယူပြီးဖျောက်ပေးမှ ။ မဟုတ်လျှင် ကိုယ်မဟုတ်တဲ့တစ်ခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲကိုသွားတိုးဝင်နေမိမှာကိုစိုးရိမ်မိသည် ။

မိုးလင်းစပြုလိုက်သည်မလို့ဘယ်အချိန်ရှိပြီလဲသိချင်လာသည့်အတွက်ကုတင်ဘေးကခုံပေါ်တွင်တင်ထားတဲ့ဖုန်းကိုလှမ်းယူပြီးဖွင့်ကြည့်လိုက်တော့အချိန်သည်ကား နံနက်၆နာရီ ။

မှန်ကာထားသည့်ဝရံအပြင်ဘက်သို့တစ်ချက်လှမ်းကြည့်လိုက်တော့ အပြင်တွင်ညကအဆက်မပြတ်ရွာထားသောမိုးမှာ တစ်ပေါက်တောင်ကျခြင်းမရှိပဲလုံးလုံးတိတ်လို့နေ ။

" အဟင့် ဟင့် ! "

မပီသသောရှိုက်သံသဲ့သဲ့လေးတွေကြားလိုက်ရသောအခါ ဝရံတာသို့ငေးကြည့်နေမိခြင်းကိုရပ်ကာရင်ခွင်ထဲကသေးသေးလေးအားတစ်ချက်ငုံ့ကြည့်လိုက်တော့ အိပ်မက်ဆိုးတွေများမက်နေသလား မသိ ။

မျက်လုံးစုံမှိတ်လျက်တစ်ဟင့်ဟင့်နဲ့အဆက်မပြတ်ရှိူက်နေတာကြောင့် သူ့ကျောပြင်လေးအားလက်ကလေးဖြင့် အသာအယာပွတ်သပ်ပေးရင်း သေးသေးလေးရဲ့ မျက်နှာလေးအားသတိထားကြည့်မိလိုက်စဉ် မျက်ခွံလေးတစ်စုံမှာမို့လို့နေပြီးနှာထိပ်လေးသည်လည်း နီရဲ တွတ်လို့နေ ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now