🍓 sɪxᴛᴇᴇɴ

7.2K 980 172
                                    


Byunအိမ်တော်၏ခြံဝင်းထဲရှိစာကျက်သံစကားပြောသံတွေနှင့်ညံ့စည်နေသောအနားယူရာမှန်လုံဥယျာဉ်တစ်ခု ။ ထိုမှန်လုံဥယျာဉ်ထဲတွင်စာကျက်နေကြသောလူသည်ကား စုစုပေါင်းလူ၉ယောက်ရှိသည့်အနက်အထက်တန်းဒုတိယနှစ်နှင့်တတိယနှစ်တို့ဟူ၍အဖွဲ့နှစ်ဖွဲ့ ခွဲကာတစ်ဖက်တစ်ခြမ်းစီစာလုပ်နေကြလေသည် ။

အကြီးတွေဖြစ်ကြသောတတိယနှစ်သမားတို့သည်စာကိုအတိအကျကျက်မှတ်နေကြသော်လည်းကျွန်တော်တို့အငယ်တွေဖြစ်သည့်ဒုတိယနှစ်သမားတွေမှာမူအဖွဲ့လိုက်ကမြင်းလို့ကောင်း ၊ စားလို့ကောင်း ၊ စကားပြောလို့ကောင်းဖြစ်လို့နေရဲ့ ။

ထိုအဖွဲ့လိုက်စကားများနေရာမှဒိုင်ယာရီစာအုပ်လေး တစ်အုပ်ကိုကိုင်ပြီးတစ်ခြားနေရာတစ်ခုသို့ပထမဆုံးခွဲထွက်လာသည့်သူသည်ကားကျွန်တော်Byun Baekhyunတစ်ယောက်သာ ။

ထိုင်နေကျနေရာဖြစ်သည့်ချယ်ရီပန်းပင်ကြီးအောက်တွင်အခင်းလေးခင်းပြီးချယ်ရီပန်းပင်ကြီး၏ပင်စည်ကိုကျောမှီလျက်ခြေဆင်းထိုင်နေရင်းမျက်နှာချင်းဆိုင် မြင်နေရာသောကောင်းကင်ပြာကြီးအားငေးမောကြည့်ရင်း အတွေးထဲဝင်ဝင်လာသည့်သူ့အကြောင်းတွေ ။

ခေါင်းတစ်ခါခါလှုပ်ရမ်းလျက်နှင်ထုတ်သော်လည်း ပျောက်ကွယ်ထွက်သွားခြင်းမရှိသည့်သူရဲ့အပြုံးတွေ ။ တစ်ခါစွန်းထင်းဖူးခဲ့သည့်နှလုံးသားနံရံအားမည်မျှပင်
အဖြူရောင်ပြန်ဆိုးဆိုး အရာမထင်ခဲ့ ။

Park Chan Yeol မင်းကတကယ်ကိုငါ့အတွက်တော့​နတ်ဆိုးတစ်ကောင်ပဲ ။

ဒါပေမယ့်လည်း .. ငါ ... မင်းကို ....

📝 ချစ်တယ် Park Chan Yeol

" ဘာလုပ်နေလဲBaek "

ထို့ကဲ့သို့နှလုံးသားခံစားချက်အမှန်အားဒိုင်ယာရီစာမျက်နှာလေးပေါ်တွင်ချရေးလိုက်မိပြီးသည်နှင့်တစ်စုံ တစ်ဦး၏ပယောဂကြောင့်ဖြတ်ခနဲလက်ထဲကနေလေပေါ်မြှောက်တတ်သွားခဲ့တဲ့ကျွန်တော့်ဒိုင်ယာရီစာအုပ်လေး ။ တအံ့တသြမျက်ဝန်းတစ်စုံနဲ့အပေါ်မော့ကြည့်လိုက်တော့ ကျွန်တော့်ဒိုင်ယာရီစာအုပ်လေးကိုပိတ်ပြီးကိုင်မြှောက်ထားတဲ့သူမှာ ...

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now