🍓 ᴛᴡᴇʟᴠᴇ

6.7K 978 115
                                    

" ဘယ်လို ! နင်တကယ်ပဲChanyeolကိုချစ်နေမိပြီ ဟုတ်လား ! "

တအံ့တသြနဲ့ အားပါပါပြောလိုက်သောသူငယ်ချင်းမ
ဖြစ်သူ Shin Haeအား So Riခေါင်းလေးကိုသာသာလေးပြန်ညိတ်ပြလိုက်သည် ။

" ဒါများငါ့သူငယ်ချင်းရယ် .. လွယ်လွယ်လေး Chanyeolကလည်း နင့်ကိုဖွင့်ပြောထားတယ်လေ အဲ့တော့ နင့်ဘက်ကသူ့ကိုအဖြေပြန်ပေးပြီးတွဲလိုက်ရင်ပြီးပြီပဲပေါ့ဟ မဟုတ်ဘူးလား "

တစ်ဖန်ဆိုလာသော Shin Haeရဲ့ စကားအဆုံးဝယ်ပြာလဲ့နေသော ကောင်းကင်ပြာကြီးအား သူမမော့ကြည့်လိုက်လျက် ...

" အဲ့လောက်မလွယ်ဘူးဟ "

" ဘာလဲ နင့်မောင် Baekhyunကြောင့်လား ! "

" အင်း အဲ့လိုပဲဆိုရမလား ! .. မောင်လေးကငါ့ကိုသိပ်ချစ်တာ တကယ်လို့ငါChanyeolကိုလက်ခံလိုက်ရင် မောင်လေး ငါ့ကိုစိတ်ဆိုးပြီးစကားမပြောတော့မှာကို ငါစိုးရိမ်တယ် ငါ့မှာမောင်နှမဆိုလို့ တစ်ဦးတည်းသော မောင်လေးတစ်ယောက်ပဲရှိတာလေ ငါမောင်လေးမကြိုက်တဲ့အလုပ်ကိုမလုပ်ချင်ဘူးရယ် "

" ဒါပေမယ့် .. နင့်မောင်မကြိုက်တဲ့အလုပ်က နင့်နှလုံးသားနဲ့ပတ်သတ်နေတယ်လေ "

" .......... "

" နင်တကယ်ပဲကိုယ့်နှလုံးသားကိုကိုယ်ကိုယ်တိုင် ဒဏ်ရာတွေပြန်ပေးမလို့လား ဟမ် !! "

" အဟက် နာကျင်လည်းတခဏပဲပေါ့ဟာ "

ခြံထဲရှိခြံအဝင်ဝကိုကျောပေးထားသည့်ဒန်းလေးပေါ်တွင်ထိုင်လျက်နှလုံးသားရှိသောဝဲဘက်ရင်ဘတ်ပေါ်သို့လက်ကလေးတင်ကာမိုးကောင်းကင်ကြီးကိုမော့ကြည့်ရင်း ပြောနေသော So Ri စကားတို့အားခြံအဝင်ဝတွင်ခြေစုံရပ်ရင်းနားထောင်နေမိသော Baekhyun ။

နည်းပြဆီမှပြန်လာရာမှလမ်းကြုံလို့သူ့Noonaဆီဝင်လာလည်ရင်းအမှတ်မထင်သူ့Noonaသူငယ်ချင်းနဲ့ပြောနေသောစကားတို့အားကြားလိုက်ရသည့်အတွက် စိတ်ထဲ ဝမ်းနည်းမှုတစ်စုံတစ်ရာတို့လှိုက်တက်လာခဲ့ပြီးသူ့Noonaမသိအောင် ခြံထဲမှတိတ်တိတ်ကလေး ပြန် ထွက်သွားခဲ့လေသည် ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now