🍓 ᴇɪɢʜᴛᴇᴇɴ

6.8K 978 108
                                    


" သမီး "

" ရှင် ဖေဖေ "

ကျောင်းသွားဖို့မနက်စာစားနေရာမှအဖေဖြစ်သူ၏ခေါ်သံကြောင့်ခေါင်းလေးထောင်ကာပြန်ထူးလိုက်သည့်သူမ ။ တစ်ခြားတစ်ဖက်တွင်လည်း သူမအလား မနက်စာစားရင်းခေါင်းလေးအသာထောင်ထားလျက်အဖေဖြစ်သူ၏နောက်ထပ်ပြောလာမည့်စကားအားစောင့်စား၍နားစွံ့နေမိသောသူ ။

" သမီး ...သား Chanyeolကိုဘယ်လိုမြင်လဲ ! "

" ရှင် "

သားဖသုံးယောက်သာရှိသောမနက်စာစားပွဲဝိုင်းတွင်ရုတ်တရက်ဆန်သောအဖေဖြစ်သူ၏စကားကြောင့်သူမ အပါအဝင်သူတစ်ယောက်ပါအံ့သြစပြုသွားခဲ့ရသည် ။

" သမီး မေမေနဲ့Ms.Parkတို့ကသမီးနဲ့သားChanyeolကိုနေရာချထားပေးချင်ကြတယ်တဲ့ .. အဲ့ဒါ .. သမီးသဘောကရော ! "

" ဖေဖေ ဟိုလေ ... "

"  သမီးစိတ်ထဲရှိတဲ့အတိုင်းရဲရဲသာဖေဖေ့ကိုအဖြေပြန်ပေးပေးသမီး ... တကယ်လို့သမီးဘက်ကလက်မခံနိုင်ဘူး မကြိုက်ဘူးဆိုရင် ဖေဖေတို့အတင်းအကြပ်ကြီးမစီစဉ်ဘူး သမီးလေး  "

" သမီး .... သမီးလက်ခံပါတယ် ဖေဖေ ... ဖေဖေ မေမေတို့ သဘောအတိုင်းပါပဲ "

အပြုံးလေးတွေဖြင့်ပြောလာသောသူမ၏စကားဆုံးသွားသည်နှင့်အလင်းမဲ့ပြီးမည်းမှောင်နေသောချောက်နက်ကြီး၏ကမ်းပါးပေါ်တွင်တဲတဲလေးတင်နေသောကောင်လေးတစ်ယောက်၏နှလုံးသားတစ်စုံသည်ကူဖော်မရှိပဲနာကျင်စွာနှင့်ပင်ပြုတ်ကျသွားခဲ့ရပေသည် ။

~ ထပ်ပြီးရူးမိုက်ဖို့မသင့်တော့ဘူးနှလုံးသား .. မချိုမြိန်မလှပတဲ့အိပ်မတ်ဆိုးတွေထဲကအမြန်ပြန်နိုးထဖို့သင့်ပြီ ~

အောင့်တက်လာသောရင်ဘတ်ထဲမှနာကျင်မှုတို့ ။ ဝဲတက်လာသောမျက်ဝန်းအိမ်အတွင်းက မျက်ရည်ကြည်များအား မည်သူမှမမြင်ခင် အလျင်အမြန်လေး သူ့လက်ဖမိုးလေးဖြင့် သုတ်ပစ်ဖယ်ရှားလိုက်ကာ ငိုသံပေါက်ချင်နေသည့်အသံအိုးအားမနည်းထိန်းငြိပြီးအဖေဖြစ်သူနှင့်အစ်မဖြစ်သူတို့အားနှုတ်ဆက်စကားတိုတိုပြတ်ပြတ်ဆိုပြီး အနီးနားကခုံပေါ်တွင်တင်ထားသည့်လွယ်အိတ်လေးကိုသာကောက်ယူပြီး ကျောင်းသွားရန်အိမ်ထဲမှပင် အမြန်ပြေးထွက်လာမိခဲ့သည် ။

|| STRAWBERRY || 【SEASON -I】《COMPLETED》 Where stories live. Discover now