Ter: "ဘာ မင်းလိုချာတိတ်​ကများ"

Cop: "စည်းမျဉ်းစည်းကမ်းတွေကြောင့်​ Black Dimond က လူအဝင်​အထွက်​အများဆုံးပဲ။ ဒီနိုင်​ငံမှာ နာမည်​ကြီး Club တစ်​ခုဆိုလဲ မမှားဘူး။ ဒီ Club ကို လူကြီးမင်းပြောတဲ့ ချာတိတ်​ဆိုတဲ့ကျုပ်​ ဦးစီးနေတယ်​ဆိုတာလဲ သတိရပါဦး။ ကျုပ်​နယ်​မြေမှာတော့ ဒီကလူကြီးမင်းကို လူမိုက်​လုပ်​ခွင့်​ပေးမှာ မဟုတ်​ဘူး"

Ter: "မင်းး"

Cop: "အပြင်​က Security တွေ ဒီသုံးယောက်​ကို ခေါ်ထုတ်​သွားကြ"

Boss ဆိုတဲ့ကောင်​လေး အမိန့်​ပေးလိုက်​တာနဲ့ Ter တို့သုံးယောက်​ကို security တွေချက်​ချင်းလာဆွဲထုတ်​သွားတယ်​။ အပေါက်​ဝရောက်​ခါနီးမှာ ကောင်​လေးက ဘာစိတ်​ကူးရလဲ မသိဘူး security တွေကို ခဏရပ်​လိုက်​တယ်​။

Cop: "အော်​ မေ့လို့...ခဏလေး။ လူကြီးမင်းတို့ကို တစ်​ခါတည်း သတိပေးပါရစေ။ လူကြီးမင်းတို့ဘက်​က ဒီနယ်​မြေထဲမှာ ထပ်​ပြီးသောင်းကျန်းခဲ့မယ်​ဆိုရင်​ တရားဥပဒေအရ အရေးယူရပါလိမ့်​မယ်​။ ဒီ Club က တရားဝင်​ဖွင့်​ထားတယ်​ဆိုတာ မမေ့ပါနဲ့"

Ter: "တောက်​စ်​..."

   ပြတ်​သားတဲ့ဆုံးဖြတ်​ချက်​တွေနဲ့ ဘယ်​သူ့ကိုမှဂရုမစိုက်​တတ်​တဲ့ ကောင်​လေးရဲ့ ချစ်​စရာကောင်းတဲ့မျက်​နှာကို Kim တစ်​ယောက်​ထိုင်​ကြည့်​နေတယ်​။ စကားပြောနေရင်းတောင်​ ပါးမှာအချိုင့်​ရာလေးရေးရေးထင်​နေတာ ရယ်​လိုက်​ရင်​ဘယ်​လိုလေးနေမလဲဆိုပြီး တွေးနေမိတယ်​။ Cop က Kim ဘက်​ကိုမျက်​နှာလှည့်​လာတော့ Kimတစ်​ယောက်​ အတွေးတွေကို ရပ်​တန့်​လိုက်​တယ်​။

Kim: "ကိုတို့ရော ဒီကလပ်​ကို လာခွင့်​မရှိတော့ဘူးလား"

Cop: "လာခွင့်​ရှိပါတယ်​။ ကျွန်​တော်​တို့ဘက်​က ဝန်​ထမ်းတွေပေါ့လျော့မှုကြောင့်​ အခုလိုဖြစ်​သွားတာ တောင်းပန်​ပါတယ်​"

Kim: "ရပါ..."

Cop: "ဒါပေမယ့်​ ပြသနာက လူကြီးမင်းတို့ကြောင့်​ဖြစ်​တာဆိုတော့ နောက်​တစ်​ခါထပ်​ဖြစ်​ခဲ့မယ်​ဆိုရင်​ ကျွန်​တော်​တို့ဘက်​က လုပ်​သင့်​တာကို လုပ်​ရပါလိမ့်​မယ်​။ ပြန်​လို့ရပါပြီ"

Heart of MelodyWhere stories live. Discover now