Chapter 1 : Awaking of Lustitia

44K 2.8K 32
                                    

"လူသတ်​မှု ဖြစ်​လို့တဲ့.. "

ရောင်​​နေ လန့်​သွားသည်​....
သူ ဆက်​ပြီး ​ဘေးဝိုင်းက ​ပြောသံကို ဆက်​ပြီး နား​ထောင်​ကြည့်​​နေမိသည်​.. ​ဘေးက အန်​တီကြီးများက ထမင်းဆိုင်​ကို သူတို့ အိမ်​အလား အသံကျယ်​ကျယ်​ဖြင့်​ ​ပြော​နေကြသည်​..

"​သေတဲ့သူက ကြည်​မင်းရဲ့ မိန်းမ​ပိုးကြည်​ဖြူ ​လေ.."

နည်းနည်း ဝဝဖိုင်​ဖိုင့်​ ဆံပင်​​ကောက်​​ကောက်​နဲ့ အန်​တီကြီးက ဝင်​​ပြောသည်​...

"ကြည်​မင်းဆိုတာ .. ရပ်​ကွက်​ထဲ အမြဲ မူးရူး​နေတဲ့ ကြည်​မင်းမလား.... "

ခပ်​ပိန်​ပိန်​အန်​တီကြီးက ဝင်​​မေးလိုက်​ရာဝယ်​.. အသာညိုညို အန်​တီကြီးက သူ့မှာ ရှိသမျှ သတင်းအချက်​အလက်​​တွေကို ​ဖောက်​သည်​ချပါ​တော့သည်​..

"ဟုတ်​ပါ့... အဲ့ကြည်​မင်းပဲ.. မ​နေ့ညက သူ​မူးရူးလာပြီး လင်​မယား နှစ်​​ယောက်​ ရန်​ဖြစ်​တာ​လေ.. အဲ့တာ မနက်​နိုးလာ​တော့ သူ့မိန်းမက မီးဖို​ချောင်​ထဲ ဓားထိုးခံရပြီး​တော့ ​သေ​နေတာပဲ.. "

ဝဝဖိုင့်​ဖိုင့်​ အန်​တီကြီးက ဝင်​​ပြောသည်​..

"ဟုတ်​တယ်​... ​မ​နေ့က ပန်းကန်​ကွဲသံ​တွေဆိုတာ ညံစီ​နေတာပဲ. အိမ်​က ​ယောကျာ်း​တောင်​ ညသန်း​ခေါင်​မို့ ​ပြော​နေ​သေးတယ်​.. လူ​တွေက တဖြည်းဖြည်း ​ကြောက်​ဖို့ ​ကောင်းလာတယ်​​နော်​.. "

ထိုအန်​တီကြီးစကားကို အသားညိုညို အန်​တီကြီးက ဝင်​​ထောက်​​လေသည်​..

"ဟုတ်​ပါ့ဆို... ဒီ​နေ့မနက်​ဘဲ ကြည်​မင်းက နိုးလာပြီး သူ့မိန်းမ ​သေ​နေတာကိုလဲ ​တွေ့​ရော.. ​အော်​ဟစ်​ပြီး လမ်းမ​ပေါ်​ပြေးထွက်​လာတာ... ကြည့်​ရတာ သူ လုပ်​ခဲ့တာ သူမမှတ်​မိဘူးနဲ့တူပါတယ်​.."

"​အေး​ပေါ့.. အဲ့​လောက်​ မူးရူး​နေတာကိုး.. အဲ့တာ​ကြောင့်​မို့ ဘုရား​ပြောတာ​ပေါ့. အရက်​​သောက်​ထားတဲ့သူက မလုပ်​ရဲတာ ဘာမရှိဘူးလို့.. သူ့မိန်းမလည်း သနားပါတယ်​​အေ.. အရက်​သမားကို လင်​​တော်​ရတာ​တောင်​ မကလို့ ​ယောကျာ်းသတ်​တာ ခံရပြီး အ​သေဆိုးနဲ့​သေရတယ်​.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now