Chapter 1 : Awaking of Lustitia

Start from the beginning
                                    

ထိုစဉ်​ ခပ်​ပိန်​ပိန်​ အန်​တီကြီးမှ ဝင်​၍ ​မေးသည်​..

" အဲ့တာ ရဲ​တွေက​ ဘယ်​လို ​ရောက်​လာတာလဲ.. "

"ဘယ်​လို​ရောက်​ရမလဲ.. ​ဖုန်းဆက်​ပြီး ရဲကို တိုင်​လိုက်​တာ​ပေါ့.. သူ့ကိုလာဖမ်းတဲ့ ရဲထဲမှာ ငါတို့ရပ်​ကွက်​ထဲက ရဲ​ချော​ချော​လေး​တောင်​ပါ​သေးတယ်​.. "

သူ အ​ဒေါ်ကြီးတို့ စကားဝိုင်းဆီ လှည့်​လိုက်​ပြီး စူးစမ်းချင်​ဟန်​ဖြင့်​ ဝင်​၍​မေးလိုက်​သည်​..

"အန်​တီတို့.. အဲ့ဒီ ကြည်​မင်းဆိုတဲ့သူကို ​​ကောင်း​ကောင်းသိကြလား.. "

ဒေါ်ကြီးများသည်​ ​ပြောလက်​စ စကားကို ရပ်​ကာ သူ့ကို ကြည့်​လာကြသည်​..
ထို့​နောက်​ ဝဝဖိုင့်​ဖိုင့်​ အန်​တီကြီးက ဝင်​​ဖြေသည်​..

"သိတာ​ပေါ့... ငါတို့ တစ်​အိမ်​​ကျော်​မှာပဲ ​နေတာကို.. "

သူထပ်​​မေးလိုက်​သည်​..

" ဒါဆို ကြည်​မင်းရဲ့ ဘယ်​ဘက်​လက်​ လက်​မနဲ့ လက်​ညိုးကြားမှာ မီး​လောင်​ရာ ရှိလား.. "

အန်​တီက သူ့ရဲ့ ​မေးခွန်းကို ကြား​တော့ သူ့ကို ထူးဆန်းစွာကြည့်​လာသည်​..

ထို့နောက်​ ပြန်​​ဖြေသည်​..

" မရှိဘူးထင်​တာပဲ... ဘာလို့​မေးတာလဲက​လေး.. "

သူ​ခေါင်းခါလိုက်​သည်​..

"ဘာမှ မဟုတ်​ပါဘူးအန်​တီ.. ​ကျေးဇူးပါ.. သွားဦးမယ်​​နော်​. "

သူက​တော့ ​နေ့လည်​ ထမင်းစားနားချိန်​ ကုန်​​တော့မည်​ဖြစ်​၍ ထွက်​လာခဲ့လိုက်​သည်​..

ဒါဆို သူ တရားခံ မဟုတ်​တာ ​သေချာပြီ​ပေါ့.. ဒါဆို သူ တစ်​ခုခု လုပ်​ရမည်​....

ကျွန်​​တော့်​နာမည်​က ​ရောင်​​နေဦး ... နာမည်​က နည်းနည်း​တော့ ဆန်းတယ်​ဟုတ်​..
ဒီနာမည်​က သူ့အဖွား​ပေးခဲ့တဲ့နာမည်​..
သူငယ်​ငယ်​တုန်းက​တော့ အဖွားနဲ့ တူတူ ​နေပါတယ်​.. ဒါ​ပေမယ့်​ အဖွားဆုံးပြီး​နောက်​ပိုင်း သူ ဒီလူ့​လောကမှာ တစ်​​ကောင်​ကြွက်​ဖြစ်​ခဲ့ရတယ်​​ပေါ့..
သူ့မိဘ​တွေက​တော့ ဆုံးတာ ကြာလှပြီ.. သူ့အတွက်​​တော့ ​လောကကြီးက တိုက်​ခိုက်​ရမယ့်​ ကွင်းပြင်​တစ်​ခုလိုပဲ..
ဒီကွင်းပြင်​မှာ သူ အခက်​အခဲ​တွေ နာကျင်​မှု​တွေကို တစ်​​ယောက်​တည်း တိုက်​ခိုက်​​နေခဲ့တာ အထက်​တန်း ပြီးကတည်းကပါ.. အထက်​တန်းပြီး​တော့ အဖွားလည်းဆုံး.. သူလည်း တစ်​​ယောက်​တည်းဖြစ်​ခဲ့ရ​တော့ သူ သူ့အနာဂတ်​ကို ဘာလုပ်​ရမှန်းမသိ​အောင်​ ခဏ​တွေ​ဝေခဲ့ဖူးပါတယ်​..
ဒါ​ပေမယ့်​ သူ့အိမ်​မက်​က ​ရှေ့​နေ ဒါမှမဟုတ်​ တရားသူကြီး ဖြစ်​ချင်​တာ​လေ.. အဲ့​တော့ သူ အထက်​တန်းပြီး​တော့ တက္ကသိုလ်​ကို ​ဥပ​ဒေပညာ သင်​ယူဖို့ ​ရွေးချယ်​ခဲ့ပါတယ်​.. တက္ကသိုလ်​ကို အဖွားချန်​ခဲ့​ပေးတဲ့ ​ငွေ​လေးနဲ့ အချိန်​ပိုင်းအလုပ်​က ရှာလို့ရတဲ့ ​ငွေ​လေးနဲ့ပဲ ဆက်​တက်​​နေခဲ့ရတာ..
အခု​တော့ တတိယနှစ်​ကို ​ရောက်​​နေပြီ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now