Ending

3.4K 296 41
                                    

အချို့သော ချစ်ခြင်းတို့သည် ဆုံစည်းဖို့မဟုတ်သလို အချို့သောချစ်ခြင်းတို့သည် သမာရိုးကျမဟုတ်ခဲ့။ လူတို့သည် ရုန်းကန်နေရခြင်းများဖြင့် ဘဝတွင်အချိန်တိုင်းကြုံတွေ့ရသည်။ လူတို့သည် ဘဝဇာတ်ခုံတွင် သားကောင်ဖြစ်ရသည့်အချိန်လည်း ရှိသလို မုဆိုးဖြစ်ရသည့်အချိန်လည်းရှိသည်။ လူတို့သည် ကိုယ်နှင့် အရည်အချင်းတူသည် ဘဝများတွင်သာ ကျင်လည်ကြပြီး မိမိတို့ထက်သာလွန်တူများကို ကြည့်ကာ အားကျခြင်းများဖြင့် နေထိုင်ကြသည်။

ထိပ်ပိုင်းရောက်လေလေ... တိတ်ဆိတ်လာလေဆိုသည့် သဘောတရားကြောင့် အမြင့်သို့ ရောက်အောင် ကြိုးစားနေသည့်သူများလည်း ရှိသလို... အခြားသူများအား တွန်းချကာ အကောက်ကြံသူများလည်း ရှိသည်။

မည်သို့ပင်ဆိုစေ... လူတို့သည် မိမိ၏ အားသာချက်အားနည်းချက်အား လက်ခံနိုင်ခြင်း မရှိလျှင် မည်သည့်နေရာသို့ ရောက်နေရောက်နေ ထိုသူသည် ပြောင်းလဲမည်မဟုတ်။ တိတ်ဆိတ်ခြင်းသည် မိမိကိုယ်ထဲတွင်သာ ရှိခြင်း။ တိတ်ဆိတ်ခြင်းသည်သာ အဖြေတို့ကို ဆောင်ကြဉ်းပေးနိုင်ဆဲ။ တိတ်ဆိတ်ခြင်းသည်သာ စစ်မှန်သည့် အောင်မြင်မှုအား ဆောင်ကြဉ်းနိုင်ခြင်း။ အချို့သော သူတို့သည် တိတ်ဆိတ်ခြင်းများထဲတွင် သူတို့ကိုယ်သူတို့ ရှာဖွေခဲ့ကြသည်။ သူတို့၏ အနိုင်အရှုံးများအား သူတို့၏ တိတ်ဆိတ်ခြင်းနယ်ပယ်ထဲတွင် သုံးသပ်ကာ သူတို့ကိုယ်သူတို့ upgrade လုပ်ခဲ့ကြသည်။ ထိုသို့သော သူတို့သည် အမြင့်တွင်ရပ်နေကြသည့် သူများ။

======

ထိုင်းအမျိုးသားတစ်ဦး၏ စကားအား ထိုစကားကို ကြားရမည်ဆိုသည်ကို သူ သိနှင့်ပြီးသော အဖြေတစ်ခု အဖြစ်ပြုံးပြလာသည့် အမျိုးသားတစ်ဦး။

"ငါ မင်းနဲ့ ပူးပေါင်းမယ်..."

အချို့သော သူတို့သည် သားကောင်အဖြစ်မှ မုဆိုးအဖြစ်သို့ ရောက်လာခဲ့သလို။ အချို့သော မုဆိုးတို့ကို ပြန်လည်အမဲလိုက်ရန် ကြိုးပမ်းကြသည်။

======

"ဂုဏ်ယူပါတယ်..."

"ကျေးဇူးတင်ပါတယ်..."

Odium(fanfic)حيث تعيش القصص. اكتشف الآن