Part - 33

1.3K 235 42
                                    

Singto သူ့ရှေ့ မှ Krist အားကြည့်လိုက်ခဲ့သည်။ ထိုကောင်လေး ဘာကြောင့် သူ့ကို ထိုစကားကို ပြန်မေးသည်လဲ။ Krist မျက်နှာထက်တွင် ပကတိတည်ငြိမ်ခြင်းတစ်ခုသာ ရှိနေခဲ့သည်။

"အဲ့စကားက မင်းအတွက် ထာဝရတည်နေမဲ့ စကားပါ…"

"သြော်…"

ထိုတစ်ခွန်းသာ မှတ်ချက်ပေးခဲ့ပြီး မည်သည့်စကားမှဆက်မဆိုဘဲ သူ နွှင်ပေးထားသည့် ငါးကို တို့ကနန်းဆိတ်ကနန်း စားနေသည့် Krist အား သူကြည့်နေလိုက်ခဲ့သည်။

=========

"မင်း အဲ့စကားတကယ်ပြောခဲ့တာလား?"

Singto ညဘက် သူတို့တည်းခိုသည့် ပြတင်းလေသာဆောင်မှ ပင်လယ်ဘက်ငေးနေသည့် Krist နှင့်မလှမ်းမကမ်းတွင် သူရပ်ရင်းမေးလိုက်ခဲ့သည်။ Yukata ဖြင့် ခြေချိတ်ထိုင်နေသည့် Krist ၏ ခြေသလုံးနဲ့ပေါင်တံဖွေးဖွေးလေးများကို မြင်နေရသည်က တမျိုးတမည် အသဲယားစရာ…

"အင်း…"

ခုံလက်ရမ်းပေါ်မေးထောက်ကာ သူ့ဘက်သို့ ငဲ့ကြည့်ပြောလာသည့် Krist… သူ Krist အား စိုက်ကြည့်လိုက်ခဲ့သည်။

"မင်းငါ့ကို တကယ်အကုန်လုံးဆီက ဆွဲထုတ်သွားနိုင်လား… ဆွဲထုတ်သွားမှာလား?"

Krist စကားကြောင့် သူ Krist ထိုင်နေသည့် ထိုင်ခုံခြေရင်းတွင် ထိုင်ချလိုက်ကာ Krist ၏ မျက်လုံးများထဲတွင် သူ့အား သွေးတိုးစမ်းနေခြင်းလား အတည်ပြောနေခြင်းလားကို သူ ရှာဖွေနေမိသည်။ Krist သည် တကယ်ပဲမွန်းကြပ်နေပြီလား။ သူနှင့်အတူ တကယ်ပဲထွက်သွားချင်နေပြီတဲ့လား။

"အဲ့စကားက မင်းအတွက် ထာဝရမပြောင်းလဲတဲ့ စကားပါ Krist…"

သူပြောလိုက်တော့ Krist သူ့အား ရယ်လာခဲ့သည်။

"မင်း သိပ်ကာကွယ်ချင်တဲ့ မင်းသမီးကို ပစ်ပြီးတော့လေ…"

သူ့ပခုံးထက် ခြေထောက်တင်ရင်း အေးစက်စွာမေးလာသည့် Krist အား သူ မော့ကြည့်နေမိသည်။ ထိုမျက်လုံးများတွင် ပကတိတည်ငြိမ်ခြင်းတစ်ခုသာ ရှိနေခဲ့သည်။ Singto သူ့စိတ်ထဲ စိုးထိတ်မှုတစ်ခုကို ခံစားလိုက်ခဲ့ရသည်။ သူ ကြုံတွေ့ဖူးသည့် အတွေ့အကြုံများအရ တည်ငြိမ်ခြင်းသည် နှစ်ခုသာ ရှိသည်။ မုန်တိုင်းမလာခင်တည်ငြိမ်ခြင်းနှင့် မုန်တိုင်းဗဟိုတွင် ရောက်နေ၍တည်ငြိမ်ခြင်း။ သူ ယခုအချိန်တွင် မုန်တိုင်းဗဟိုတွင် ရှိနေခဲ့သည်။ သူမည်သည့် အချိန်ကများ မုန်တိုင်းဗဟိုချက်သို့ ရောက်သွားခဲ့ရတာလဲ။

Odium(fanfic)Where stories live. Discover now