Part - 38

1.3K 235 64
                                    

"မင်းလို Under World King ကတောင် အခုလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ! နောက်ပြီး မိန်းမတစ်ယောက်အတွက်လည်း မဟုတ်ဘူး ယောကျာ်းတစ်ယောက်အတွက်နဲ့တဲ့..."

သိုလှောင်ပစ္စည်းများထားသည့် သိုလှောင်ရုံတစ်ခု။ ထိုသိုလှောင်ရုံထဲတွင် မျက်နှာကျက်မှ တွဲလွဲချထားသည့် မီးသီးတစ်ခုသည် ပြင်ပမှ ရာသီဥတုဆိုးရွားမှုကြောင့် ဟိုဘက်ဒီဘက် လှုပ်ရမ်းနေခဲ့သည်။ သွပ်ခေါင်မိုးပေါ်မှ မိုးရေစက်သံများ။ တစ်ချက်တစ်ချက် မုန်တိုင်းကြောင့် မိုးကြိုးပစ်ချလာလျှင် ထိုသိုလှောင်ရုံထဲသို့ အလင်းများ ရိုက်ခတ်လာတတ်သည်။

"ပြောကြည့်လေ... ဟားး ငါတော့အတော်ကံကောင်းတာပဲ ဒီလို Under World King ကို ရိုက်နိုင်ခွင့်ရတာ..."

သစ်သားကုလားထိုင်တစ်ဦးတွင် ကြိုးတုပ်ချည်နှောင်ထားသည့် ထိုသူအား လက်ပြန်လွှဲရိုက်ချလိုက်သည့် အမျိုးသားတစ်ဦး။ ထိုသူ၏ စူးရဲသောအကြည့်များကြောင့် ထိုသူအား စောင့်ကြပ်ရန် တာဝန်ကျသူ နှစ်ဦးအနက် တစ်ဦးမှာ အနောက်သို့ ဆုတ်သွားမိသည်။ ထိုမျှထိ သူတို့ ရိုက်နှက်ထားသည်တောင် ထိုသူ၏ အကြည့်စူးစူးများများက အရောင်မလျော့သေး။

"တော်... တော်တော့... တော်ကြာ ဆရာက ငါတို့ကို ပြောနေဦးမယ်..."

"ဘာလဲ မင်းက သူ့ကိုကြောက်နေတာလား!"

ထိုသူ၏ သူတို့အား မကြည့်လိုသဖြင့် ခေါင်းအား အချက်တစ်ဘက်သို့ လှည့်ထားခြင်းကို အလိုမကျစွာဖြင့် တစ်ဦးသည် အနောက်ဘက်မှ တစ်ဦးအား မာန်မဲလိုက်ကာ ထိုသူ၏ ဆံပင်များကို ဆွဲမကာ သူနှင့် မျက်နှာချင်းအဆိုင်။ ဂျိန်းကနဲ မိုးခြိမ်းသံနှင့်အတူ ထိုသူ၏ အကြည့်များသည် သူ့ထံသို့ ရောက်လာခဲ့သည်။

ထိုသူ၏ အကြည့်များက သူ့အား ရုတ်တရက် တုန့်ဆိုင်းသွားစေခဲ့သည်။ ကုလားထိုင်ပေါ်ရှိ ထိုသူသည် သူတို့နှစ်ဦးအား မည်သည့်ထိခိုက်ခြင်းကိုမှ မပေးနိုင်စေသော်လည်း ထိုသူ၏ အကြည့်များက သူ့အား ကြောက်ရွံ့စေသည်။ အာဏာအပြည့်ရှိသော အကြည့်များ။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသော။ ထိုသူ၏ အကြည့်များကို ရင်ဆိုင်ရသူသည် မိမိကိုယ်ကို သိမ်ငယ်သွားစေသည့်အကြည့်များ။ သူတို့သည် ထိုသူနှင့် ယှဉ်လျှင် သေးငယ်သော မြူမှုန်လေးများ။ ထိုသူ၏ တောက်လောင်သော အကြည့်များသည် စူးရှ၍နေမင်းတစ်စင်းပမာ သူတို့အား အချိန်မရွေးပျောက်ကွယ် သွားစေနိုင်သည်ဟု သူတို့ခံစားလိုက်ရသည်။ ထိုသူသည် King တစ်ဦးမဟုတ်။ ထိုသူသည် Emperor...

Odium(fanfic)Where stories live. Discover now