Part - 25

1.7K 287 86
                                    

“ဘာရပ် လုပ်နေတာလဲ မထိုင်ဘူးလား…”

Singto ကြောင်အကာ ရပ်နေမိရာမှ သူ့အား စိတ်မရှည်စွာ လှမ်းပြောသော Krist ကြောင့် အနီးရှိ ခုံတစ်ခုံတွင် သူ ဝင်ထိုင်လိုက်ခဲ့သည်။ သူ Krist ၏ အလုပ်ရှိရာနေရာမှ နားနေခန်းထဲသို့ ရောက်နေခဲ့သည်။ Krist သည် သူ့အား ဘာကြောင့် ထိုနေရာသို့ခေါ်လာရသည်လဲ။

“အိမ်မှာ ငါ့ အဖေရှိနေတယ်…”

သူ့စဉ်းစားနေမှုအား အကင်းပါးစွာ ဖြေလာသည့် Krist ကို သူ ခေါင်းညိတ်ပြလိုက်မိသည်။ Company အဆောက်အဦး၏ အထပ်တစ်ခုတွင် နားနေခန်းတစ်ခု။ အပြင်ပန်းမှ ကြည့်လျှင် သိသာစွာဖွဲ့စည်းထားသည့် အခန်းမျိုးမဟုတ်ဘဲ ရုံးခန်းတစ်ခုသဖွယ်… သူ မျက်မှောင်ကြုတ်လိုက်မိသည်။ တရားမဝင် ပစ္စည်းများကိုလည်း Krist သည် ယခုနေရာတွင်ပဲ လုပ်သည်လား။ ထိုသို့ စဉ်းစားလိုက်မိချိန်တွင် သူ့စိတ်ထဲ ကျေနပ်သွားခဲ့သလိုလို။ သူ Krist နှင့်ပတ်သက်သည့် အရာတစ်ခုကိုထပ်သိရပြန်ပြီ။

“မင်း ဘာတွေ စဉ်းစားနေတာလဲ Singto…”

နီးကပ်စွာထွက်လာသည့် အသံနှင့်အတူ စကားသံနှင့်အတူထွက်လာသည့် လေသံသဲ့သဲ့သည့် သူ့မျက်နှာနား ဖြတ်ပြေးသွားသဖြင့် သူကြည့်လိုက်တော့ Krist… သူ့မျက်နှာနားထိ ကိုယ်ကို ကိုင်းချကာ အလိုမကျစွာ ကြည့်နေသည့် ထိုကောင်လေးခါးကို သူ အသာလှမ်းဖက်လိုက်ခဲ့သည်။ တစ်ချက်တောင့်ကနဲဖြစ်သွားသော်လည်း သူ့လက်တို့ကို မရုန်းခဲ့။

“မင်းဆီက နေ ငါဘာပြန်ရမှာလဲ Krist တကယ်ဆို… အခုကိစ္စက သတင်းတွေထိ အကျယ်အကျယ်ပါလာရမဲ့ ကိစ္စမျိုးဖြစ်သွားနိုင်တယ်လေ… ဟုတ်တယ်မဟုတ်လား…”

Krist သူ့ခါးအား လှမ်းဖက်ရင်း ပြောလာသည့် Singto ပေါင်ပေါ် ဒူးတစ်ဖက်တင်လိုက်ခဲ့သည်။ သူ့လက်တို့ဖြင့် ထို Singto မျက်နှာအား ခပ်ဖွဖွထိခတ်လိုက်ရင်း…

“အင်း… မင်းက ဒီကိစ္စမှာ အတော်ကူညီနိုင်တယ် ပြောရမယ်… နောက်ပြီး မင်းမှာ ငါ့အတွက် လုပ်ပေးနိုင်တဲ့ အရာတွေ အများကြီးရှိနိုင်တယ်…”

သူ့လက်တို့သည် ထိုသူ၏ မေးရိုးအား ဖြေးဖြေးချင်းရွေ့ဆင်းလာခဲ့သည်။ Singto သည် သူ့အား ပြုံးလျက်သာ စိုက်ကြည့်နေခဲ့သည်။ ထိုသူသည် သူ့ဘေးတွင် ဘာကြောင့်များ ထိုမျှထိ ရှိချင်နေရတာလဲ။ သူစဉ်းစားမရ။ တကယ်ဆို သူသည် ထိုသူအပေါ်တွင် မကောင်းသည့်သူတစ်ယောက်။ အကြိမ်ကြိမ် သတ်ရန်ကြိုးစားနေခဲ့သူ။ စိတ်တိုစရာကောင်းသည့်အချက်က ထိုသူသည် လွယ်လွယ်နှင့်မသေနိုင်သည့်သူ။

Odium(fanfic)जहाँ कहानियाँ रहती हैं। अभी खोजें