Part - 10

2K 324 51
                                    

“Krist Sama အဲ့ဒီသက်တော်စောင့်က?”

“သူ ငါ့အခန်းထဲမှာပဲစောင့်နေလိမ့်မယ်… သူ့ကို ခေါ်သွားစရာမှ မလိုတာ…”

Krist အေးအေးဆေးဆေးသာ ကားပေါ်တက်လိုက်မိသည်။ သူနှင့်မင်းသား Aroon နှင့်တွေ့မည့်ကိစ္စကို Singto မှ လိုက်စရာအကြောင်းမရှိဘဲ။ Singto သည် သူ့ကိုယ်ရေးကိုယ်တာသက်သက် စိတ်ဝင်စားရသော သူ တစ်ယောက်သက်သက်။ သူ့ အလုပ်အကိုင်များနှင့်ပတ်သက်ပြီး သူ ပေးသိစရာမလို။ ယခင်နေ့က ကိစ္စတွင် သူ ပေးသိခြင်း ဆိုသည်မှာလည်း အကယ်၍ မိမိတို့ဘာသာ ဖြေရှင်းလိုက်လျှင် အလုပ်တစ်ခုပိုလာနိုင်၍ မင်းသမီးငယ်၏ သက်တော်စောင့်သည် သူတို့ ပြန်သွားပြီးမှ ဖြစ်ပျက်လာမည့် အရာများကို ထိုကောင်လေး ဆက်ရှင်းလိမ့်မည်။ Krist ကျေနပ်စွာ ပြုံးလိုက်မိသည်။ Singto သည် သူ့လူဖြစ်ရန် စောလွန်းသေးသည်။

Keiji သက်ပြင်းသာချလိုက်မိသည်။ Krist နှင့်လည်း အနီးကပ်နေဖူးသူပီပီ သူ Krist အကြောင်းကောင်းကောင်း သိသည်။ Krist သည် မိမိစိတ်ခံစားချက်များကို မိမိကိုယ်တိုင် သတ်ပစ်ထားသူ။ ထိုကောင်လေးသည် Krist ဘဝတွင် နေရာတစ်ခုမရရှိသေး။ သူ ထိုကောင်လေး၏ အကြည့်များကို နားလည်သည်။ သူ Reiji အား ထိုသို့သော အကြည့်များဖြင့် ကြည့်တတ်သည်မဟုတ်လား။ ချစ်မြတ်နိုးသော အရာရာအောက်မှ ကာကွယ်လိုသည့်အကြည့်။ စင်စစ် သူနှင့် ထိုကောင်လေးတို့က နတ်ဆိုးများအား ကာကွယ်ပေးချင်နေသည့် အပိုလူသားများ။ ထိုနတ်ဆိုးများက အကာအကွယ်ပေးရန်မလိုအပ်။

“Reiji Tsukasa က သူ့သားကို လွှတ်ပေးလိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူး…”

Krist သူ့အား ပြောလာသူကို ပြုံးပြလိုက်မိသည်။ မင်းသား Aroon နှင့်အတူ ပါလာသည့် လူတစ်ဦး။ မင်းသား Aroon ဘေးတွင် အနီးကပ်နေသူဖြစ်လောက်သည်။ မင်းသား Aroon ဘေးတွင်တော့ သက်တော်စောင့်တစ်ဦး။ ထို့နောက် ထိုင်းနိုင်ငံ၏ ရဲချုပ်နှင့် သူ၏သား Dae…

“အဲ့ဒီအတွက် တောင်းပန်ပါတယ်… ကျွန်တော်တို့က မင်းသားကို မထီမဲ့မြင်လုပ်တာမဟုတ်ဘဲ ကျွန်တော့် အဖေက တကယ်ကို အလုပ်မအားလပ်တဲ့အတွက် နားလည်ပေးပါ…”

Odium(fanfic)Where stories live. Discover now