Part - 35

1.3K 236 26
                                    

“Krist Sama!!!”

သူ့ကို မြင်သည်နှင့် အပြေးလာသည့် Keiji ကို သူ ကြည့်လိုက်မိသည်။ Keiji ပုံစံက ဘာကြောင့်များ ထိုမျှထိ သွေးပျက်နေရသည်လဲ။ ငိုထားသဖြင့် မို့အစ်နေသည့် မျက်လုံးများကို သူ မြင်နေရသည်။ Keiji ၏ ထိုသို့သော ပုံစံကို သူ ပထမဆုံးမြင်ဖူးခြင်း။ Keiji ထိုသို့ ဖြစ်နေသည်ကို မြင်ရုံဖြင့် သူ့ဖခင် တစ်ခုခုဖြစ်နေသည်ဟု သူ တပ်အပ်သိလိုက်ခဲ့သည်။

“ကျွန်တော်တို့ အိမ်အရင်ပြန်ကြမယ်…”

သူ့စကားကို နာခံစွာခေါင်းညိတ်ပြလာသည့် Keiji… ညှိုးငယ်စွာ ယိုင်နဲ့သည့်ခြေလှမ်းများဖြင့် သူ့နောက်မှ လိုက်နေသည့် Keiji ကို သူ တစ်ချက်လှည့်ကြည့်လိုက်ခဲ့သည်။

“Sing…”

လမ်းတစ်လျှောက်လုံး သူ့ဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည့် Singto အား သူခေါ်လိုက်ခဲ့သည်။

“မင်း ငါတို့နဲ့လိုက်ခဲ့လိုက်…”

Singto မယုံနိုင်စွာ Krist အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်မိသည်။ Keiji ၏ ပုံစံအရ သူတို့ ဂိုဏ်း၏ အရေးကြီးသည့် အနေအထားတစ်ခုသို့ ရောက်နေသည်မဟုတ်ဘူးလား။ ထိုသို့ ဖြစ်နေသည့်အနေအထားတွင် Krist သည် သူ့အား ခေါ်သည်ပေါ့။

“မင်းလည်းငါတို့ မိသားစုပဲလေ…”

သူ့ ကြောင်အနေမှုအား မျက်မှောင်ကြုတ်ကာ ဖြေရှင်းလာသည့် Krist ကြောင့် သူ သတိရသွားခဲ့သည်။ သူသည်လည်း Yamaguchi ဂိုဏ်းသားတစ်ယောက်ပဲကို…

“ဟုတ်…”

သူ တလေးတစား ဟုတ် ဟူ၍သာ ဖြေလိုက်ခဲ့သည်။ ယခုအနေအထားသည် Yamaguchi ၏ အကြပ်အတည်းအခြေအနေတစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်။ Keiji Tsukasa ၏ သွေးပျက်နေသော ပုံစံကို ကြည့်ရုံဖြင့် Reiji Tsukasa သည် တစ်စုံတစ်ခု ဖြစ်နေနိုင်လောက်သည်။ မည်သူကများ Reiji Tsukasa, Yamaguchi ဂိုဏ်း၏ ခေါင်းဆောင်ကို တစ်ခုခု လုပ်နိုင်ရသည်တဲ့လဲ။ တော်တော်တော့ စိတ်ဝင်စားဖို့ ကောင်းသည်ဟု သူ ထင်သည်။

====

“Keiji Nii San ဘာဖြစ်လို့လဲ…”

သူအိမ်ရောက်ရောက်ချင်း မေးလိုက်မိခဲ့သည်။

Odium(fanfic)Where stories live. Discover now