Part - 30

1.5K 261 56
                                    

"P Sing သက်သာရော သက်သာရဲ့လား"

သူ သက်တော်စောင့်အဖြစ်ပြန်လည် တာဝန်ထမ်းဆောင်ခြင်းအား စိုးရိမ်စွာပြောလာသည့် Achara အား Singto ပြုံးပြလိုက်ခဲ့သည်။ Singto ဘေးတွင်ရပ်နေသည့် Newwie ကတော့ မင်းသမီးငယ်၏ Singto အပေါ်တွင် ပူပင်နေမှုအား သဘောကျစွာဖြင့် ခေါင်းငုံ့ ပြုံးနေခဲ့သည်။ သူတို့သုံးဦး၏ ဆက်ဆံရေးသည် ဟန်ဆောင်မှုများပြားလှသော နန်းတွင်းအရှုပ်အထွေး ကန္တရကြီးထဲတွင် စစ်မှန်သည့် မိသားစုသဖွယ် နွေးထွေးသော အိုအေစစ်လေးတစ်ခု။

"ကျွန်တော်သက်သာပါတယ်..."

Singto ရိုကျိုးစွာသာ ဖြေလိုက်ခဲ့သည်။ နန်းတွင်းသို့ သူပြန်ဝင်ရောက်လာခြင်း၏ အဓိက အကြောင်းရင်းကို သူ ပြန်တွေးလိုက်ခဲ့သည်။

==========

သူ ဆေးရုံမဆင်းမီတစ်ညက...

အခန်းတံခါးခေါက်သံနှင့်အတူ ဝင်လာသူအား သူကြည့်လိုက်တော့ Dae... အပြစ်ကင်းသောမျက်နှာထက်မှ ချိုမြသည့် အပြုံးသည် ဟန်ဆောင်မှုတစ်ခုမှန်း သူ သိနေခဲ့သည်။

"Krist က မင်းအတွက် မှာတမ်းခြွေလိုက်လို့ ငါ လာခဲ့တာ..."

သူ မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ Krist သည် သူ့အား ရှောင်နေသည်ဟု သူ သံသယဝင်နေခြင်းက တစ်စထက်တစ်စ ခိုင်မာလာခဲ့သည်။ Krist သည် သူ့အား ဘာကြောင့်ရှောင်နေရသည်လဲ။

"သူ မှာလိုက်တာလို့ ငါ ဘယ်လိုလုပ်ယုံကြည်ရမှာလဲ... မင်းက ယုံရတဲ့သူတစ်ယောက်မှ မဟုတ်တာ Dae... ဒါမှမဟုတ် Fiat လို့ပဲ ခေါ်ရမလား..."

"အဆင်ပြေသလိုပေါ့ နာမည်တွေက ပညတ်ချက်တွေပါ... အဓိကက ကိုယ်ကိုယ်တိုင်က ဘာကောင်ဆိုတာ ကိုယ်သိနေဖို့ပဲလိုတာ... ဒီနာမည်တွေက ကိုယ့်ကိုယ်ကို Brand တစ်ခုတပ်ထားတဲ့သဘောပဲမဟုတ်လား..."

သူ့အားရယ်ရင်း မခိုးမခန့်ပြောလာသည့် Dae ကို သူကြည့်လိုက်ခဲ့သည်။

"Dae ဆိုရင်... ငါတို့မြေအောက်လောက... မဟုတ်ဘူး အာရှမြေအောက်လောကကို သိမ်းပိုက်မဲ့ ဘုရင်တစ်ပါးဖြစ်ပြီး Fiat ဆိုရင် မိသားစုဂုဏ်ဆောင်တဲ့ Scholar ကျောင်းသားလေးတစ်ယောက်ဆိုတာမျိုးလား..."

Odium(fanfic)Where stories live. Discover now