Part-16

1.8K 270 76
                                    

“မင်း နိုးလာပြီလား…”

ကလေးငယ်သည် သူလှဲနေသည့် ကုတင်ဘေးတွင်ထိုင်ကာ သူ့ကို ကြည့်နေသည့် ကောင်လေးကို မြင်သည်နှင့် ခပ်တောင့်တောင့်ဖြစ်သွားခဲ့သည်။ သူ့ကြည့်ရသည်က သူ့မိဘများကို သတ်ခဲ့သော သူများထဲတွင် ထိုကောင်လေးပါသည်ကို သတိပြုမိဟန်။ ကလေးငယ်၏ ကြောင်တက်တက်မျက်ဝန်းများကို ကြည့်ရင်း Reiji ပြုံးလိုက်မိသည်။ ကလေးငယ်တွင် သူနှင့်တူညီသည့်အချက်တစ်ခု… ထိုအချက်ကပဲ ထိုကလေးငယ်အား မသေစေခဲ့ခြင်း။

“မင်း မိဘတွေက သေသွားပြီ…”

သူ ထိုင်းလိုပီသစွာပြောလာတော့ ကြောင်တက်တက်မျက်ဝန်းသည် အသက်ဝင်လာခဲ့သည်။ ထိုကလေးငယ်သည် ယခုမှ သူ့ပတ်ဝန်းကျင်… သူ့ဘေးတွင် ရှိနေသည့်အရာအားလုံးကို သတိထားမိသွားပုံရသည်။

“သေပြီဆိုတာကို မင်းနားလည်တယ်မဟုတ်လား… ငါ မင်းကို အများကြီး ရှင်းပြနေဖို့အတွက် ကလေးထိန်းတစ်ယောက်မလိုဘူး မဟုတ်လား…”

“Reiji Sama…”

Keiji ယခုမှ မိဘနှစ်ပါးအား ပူပူနွေးနွေး ဆုံးရှုံးထားသည့် ကလေးငယ်အား ကရုဏာသက်စွာဖြင့် သူ မဝံ့မရဲ Reiji ကို ဟန့်တားလိုက်မိသည်။ Reiji ကဟက်ကနဲ တစ်ချက်ရယ်လိုက်ရင်း… သူ့နားတွင် ရပ်နေသည့် Keiji အား ခက်ထန်စွာကြည့်လာခဲ့သည်။

“မင်းအနေနဲ့ ငါ စကားပြောနေရင် ဝင်မပြောသင့်ဘူး Keiji…”

အေးစက်သည့် အသံကြောင့် Keiji ဆတ်ကနဲတုန်သွားမိသည်။ Reiji မည်သည့်စကားကိုမှ မဆိုတော့ဘဲ သူတို့နှစ်ဦးအား ကြည့်နေသည့် ကလေးငယ်ကို ကြည့်လိုက်ရင်း…

“Keiji ငါ့ကို သစ်သီးခွဲထားတာ တစ်ခုခုအရင်ယူလာခဲ့… ဒီ ကောင်ဗိုက်ဆာနေလောက်ပြီ…”

Reiji စကားကြောင့် Keiji ရုတ်တရက်ကြောင်သွားသော်လည်း အမိန့်ကို ပြန်မေးခွန်းမထုတ်ရဲ။ သူ့ကျောပြင်တွင် လောလောလတ်လတ်ညကမှ Reiji ပေးထားသည့် အရှိုးရာများက ရှိနေသေးသည်။ ထို့အတွက် သူ ခပ်သွက်သွက်သာ ပန်းသီးနှစ်လုံးသုံးလုံးကို စိတ်ကာ ခက်ရင်းနှင့်ထိုးပြီး ယူလာပေးခဲ့လိုက်သည်။ Reiji သည် ထိုကလေးငယ်အား တကယ်ပဲ ဂရုစိုက်မှုရှိသည်လား။

Odium(fanfic)Where stories live. Discover now