Part - 26

1.7K 272 65
                                    

“Singto… ငါ မင်းကို နောက်ဆုံးအကြိမ်မေးတာ… မင်း တကယ်ဆုံးဖြတ်ချက်မပြင်တော့ဘူးလား…”

Singto သူ့ရှေ့မှ တည်တင်းသော မျက်နှာဖြင့် သူ့အား လေးနက်စွာ စိုက်ကြည့်နေသည့် Krist ကို ကြည့်လိုက်မိသည်။ Krist မေးခွန်းသည်တစ်ခုတည်း။ သူသည် Yamaguchi ဂိုဏ်းသို့ ဝင်ရောက်လာမည်လား။ သူ့အား နောက်ဆုတ်ခွင့်ကို ပေးထားခြင်းအားဖြင့် Krist သည် သူ့စိတ်ဆန္ဒကို အလေးအနက်ထားသည်ဟု ထင်ရသည်။ သို့သော် ထိုသို့ မဟုတ်သည်ကိုလည်း Singto သူ ကောင်းစွာသိသည်။ အကယ်၍ သူသည် မဝင်ဘူးဟု ငြင်းခဲ့လျှင် Krist မဟုတ်လျှင်တောင်မှ အခြားဂိုဏ်း၊ သို့မဟုတ် Krist နှင့်ပတ်သက်နေသူ တစ်ဦးဦးသည် သူ့အား ရှင်းထုတ်လိမ့်မည်။ ထို့အပြင် မင်းသမီးငယ်၏ အသက်ကို ကာကွယ်ရန် သူ့တွင် တာဝန်ရှိနေသေးသည်။ ထို့အတွက် သူသည် Krist ဘေးတွင် နေနိုင်မှ မင်းသမီးငယ်အား လုပ်ကြံသူအား ဖော်ထုတ်နိုင်လိမ့်မည်။

“ငရဲကို လွန်ချင်တယ်ဆိုရင်… ငရဲတစ်ခုလုံးကို ဖြတ်သွားမှ ရမှာပေါ့… မဟုတ်ဘူးလား… နောက်ပြန်ဆုတ်တာက အဆင်မှ မပြေဘဲကို…”

သူ့စကားကြောင့် Krist မျက်နှာထက်တွင် မဲ့ပြုံးတစ်ခု။ Krist သည် သူ့အား မယုံသေးသည်ကို Singto ကောင်းစွာသိသည်။

“မင်း ငါ့ရဲ့ ငယ်သားဖြစ်သွားပြီဆိုရင် မင်းက ငါတို့ ခိုင်းတဲ့အတိုင်း လုပ်ရမှာ Singto… မင်းရဲ့ မင်းသမီးကို သတ်ဆိုလည်း မင်းသတ်ရမှာ…”

Singto သူ ခေါင်းညိတ်ပြလိုက်ရင်း Krist မျက်လုံးများထဲ စိုက်ကြည့်လိုက်ခဲ့သည်။ သူ့အကြည့်အား မလွှဲဖယ်ဘဲ ပြန်ကြည့်လာသည့် မျက်ဝန်းနက်တစ်စုံ။ ထိုမျက်ဝန်းနက်သည် သူ့အတွင်းပိုင်းအထိ မြင်နိုင်အောင် သူ့အား စူးစမ်းအကဲဖြတ်နေခဲ့သည်။ Krist သည် သူ့အား နားမလည်နိုင်။ မည်သို့မျှ နားမလည်နိုင်… သူသည် ပြန်လည်မွေးဖွားလာသူ။ ထိုအဖြစ်အပျက်များကို တားဆီးရန်က သူ့ပထမတာဝန်။ သူ ချစ်သော Krist ၏ အကြောင်းများသိလာခြင်းက သူ့ တာဝန်၏ Bonus များဟု သူ ခံယူထားသည်။ မည်သို့ပင် ဖြစ်စေ… သူ ပြန်လည်မွေးဖွားလာရသည့် တာဝန်ကို သူ မေ့၍မဖြစ်။ သူသည် မင်းသမီးငယ်၏ ဖြစ်ရပ်ဆိုးကို ကာကွယ်ရမည်။ Krist အား ပြန်လည် လက်စားချေခြင်းကို သူ့ အနေနှင့် ချစ်ခြင်းကြောင့် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်သော်လည်း သူ့အား သွေးအေးစွာ သတ်ခဲ့သော Krist ကို သူ မမေ့။ သူ Krist အား ရူးလောက်အောင် ချစ်သော်လည်း သတ်ပစ်ချင်လောက်အောင်လည်း မုန်းတီးသည်။

Odium(fanfic)Where stories live. Discover now