Part - 40

1.4K 249 59
                                    

“ရှင်တို့ပြောချင်တာက ဘာလဲ…”

Achara သူမရှေ့မှ တရုတ်လူရမ်းကားများဟု သူမ အမည်ပေးထားသည့် သူများကို ကြည့်လိုက်ခဲ့သည်။ သူမ အနေနှင့် ထိုသူများကို တွေ့ဆုံရခြင်းကို လုံးဝ မနှစ်သက်။ သို့သော်လည်း သူမ ထိုသူတို့ကို တွေ့ဆုံရမည်။ ဘာကြောင့်လဲ… ထိုသူများသည် သူမအား ခိုင်လုံသည့် သက်သေတချို့ကို ပေးနိုင်သည်။ သူမ၏ အစ်ကိုတော်အား ချေမှုန်းရန်။ သူမ မုန်းတီးလှသည့် ထိုအစ်ကိုတော် နန်းတက်ခြင်းအား ထိခိုက်စေနိုင်သည့် သတင်းအချက်အလက် သက်သေအား ပေးနိုင်သည်။ ဂျပန်ယာကူဇာများနှင့် တိတ်တဆိတ်ဆက်သွယ်နေခြင်း ကိစ္စ။ ထိုသို့သော အိမ်ရှေ့မင်းသားသာ နန်းတက်ခဲ့လျှင် သူမပြည်သူများ၏ နောင်ရေးသည် ရင်လေးဖွယ်ရာ။

“ကျွန်တော်တို့ စီးပွားရေးအရ ပူးပေါင်းမှုကို မင်းသမီးအနေနဲ့ ထည့်သွင်းစဉ်းစားပေးဖို့ပါ…”

သူမရှေ့မှ အမျိုးသားတစ်ဦးအား သူမ ကြည့်လိုက်မိသည်။ ထိုသူတောင်းဆိုသည့် ပူးပေါင်းမှု ထည့်သွင်းစဉ်းစားရန်ဆိုသည်က သူမအား သူတို့ မြေအောက်လောကတွင် လုပ်ချင်ရာလုပ်ချင်းကို ခွင့်ပြုပါဆိုသည့်သဘော။ သူမ မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ သူမ ထိုအပေးအယူကို လုပ်သင့်သည်လား။ မလုပ်သင့်ဘူးလား။ သူမအနေနှင့် သူမအစ်ကိုတော်အား တိုက်ခိုက်လိုမှုတစ်ခုတည်းအတွက် သူမ ပြည်သူများကို ရောင်းစားရမည်လား။ တရုတ်များ၏ ကိုယ်တွင်းအင်္ဂါများအား ရောင်းချသည့် မှောင်ခိုဈေးကွက်သည် အာရှတွင် မည်မျှ ကျယ်ပြန့်သည် ဆိုသည်ကို သူမ ကောင်းစွာသိသည်။ သူမသာ သူတို့၏ တောင်းဆိုချက်အား လက်ခံလိုက်လျှင် သူမ ပြည်သူများ ထို့အပြင် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းရွှေ့အလုပ်သမားများ။ သူမ မတရားသဖြင့် သေမိန့်ချခံလိုက်ရသည့် ကောင်လေးနှစ်ဦး ကိစ္စကို မမေ့သေး။ စားပွဲအောက် သူမ ပေါင်ပေါ်တွင် လက်တင်ထားသည့် လက်များကို သူမ ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ခဲ့သည်။ သူမ ထို မြေအောက်လောကသားများကို ရွံမုန်းသည်။

သူမ New ကို မော့ကြည့်တော့ သူမအား ခေါင်းအသာ ညိတ်ပြသည့် New… New သည် သူမအား အခြားသော သက်သေများအား ရှာပေးနိုင်သေးသည်။ သူမ အနေနှင့် အခြား အကူအညီများကို ရယူရန် မလို။ သူမ အချိန်ခေတ္တသာစောင့်ရန်လိုသည်။ သူမ၏ မုန်းစရာကောင်းလှသော အစ်ကိုတော် Aroon နန်းတက်ဖို့သည် လပိုင်းလောက် လိုနေသေးသည် မဟုတ်လား။ သူမ ထိုနှစ်လအတွင်းတွင် အချက်အလက်တို့အား စုဆောင်းရန်သာ လိုသည်။

Odium(fanfic)Wo Geschichten leben. Entdecke jetzt