Part - 3

2.5K 391 54
                                    

Krist ၏ တစ်လမ်းလုံးဆူပုတ်နေသော မျက်နှာကို မြင်ပြီး Singto ကျေနပ်နေခဲ့သည်။ သူတို့ ယနေ့ Kento သို့ လိုက်ပါခဲ့ရသည်။ အတိတ် အချိန်က ထိုနေ့သည် သူတို့ Krist နှင့်အတူ ယခုကဲ့သို့ Kento မြို့သို့ လိုက်ပါပြီး Obon Festival ကို ဆင်နွှဲခွင့်ရခဲ့သည်။ မည်သည့် အကြောင်းကြောင့်မှန်းမသိ Krist သည် သူတို့ကို မခေါ်ချင်သည့် ပုံစံပြသော်လည်း ခေါ်လာသည့်အခါတွင်လည်း ကြည်ကြည်ဖြူဖြူသာ သူတို့ကို ဆက်ဆံခဲ့သည်။ Krist ၏ ဆရာသည် သူ့အပေါ်အတော် သြဇာညောင်းသည့်ဟန်ရှိသည်။ Krist နှင့်သူ့ဆရာနှင့် ပတ်သက်သည့် နောက်ကြောင်းကို သူ သေချာပြန်တွေးကြည့်သော်လည်း သိပ်မသိရ။ သူ ယခုလို ပြန်တွေးမှ Krist နှင့် ပတ်သက်ပြီး သူ သေချာမသိသည်ကို သူ့ကိုယ်သူ သိလာခဲ့သည်။

"ရောက်ပြီ……"

သူတို့တည်းခိုရန်အတွက်စီစဉ်ပေးထားသော တည်းခိုခန်းသို့ သူတို့ဝင်လာဖြစ်ခဲ့သည်။ သူ တစ်ချိန်ကရောက်ဖူးသည့်အခန်း။ သူတို့နှစ်ဦး၏ အမှတ်တရများပင် ရှိခဲ့ဖူးသေးသည်ကို သူ မုန်းတီးစွာ အမှတ်ရမိရပြန်သည်။ ဘာကြောင့် သူ့စိတ်က Krist နှင့်ပတ်သက်သည့် အမှတ်တရတိုင်းကို သတိရနေမိတတ်တာလဲ…

"မင်းတို့နှစ်ယောက်အတွက် ငါကြိုပြီး အခန်းပြင်ခိုင်းထားတယ်…"

လူအများရှေ့တွင်သာ ပြုံးနေတတ်သော ထိုမျက်နှာပိုင်ရှင်သည် သူနှင့်နှစ်ဦးတည်းဆိုလျှင် ရေခဲရုပ်တစ်ရုပ်အလား တည်တင်းလွန်းနေတတ်သည်။ ယခင်ထိုအချိန်က Krist သည် သူ့အား အပြုံးတစ်ပွင့်ဖြင့် ဆက်ဆံတတ်သော်လည်း ယခု Krist သည် သူ့ကို သတ်ပစ်ချင်လောက်သည့် အကြည့်များဖြင့် ကြည့်နေတတ်သော သူ့ရှေ့တွင် အပြုံးများဖြင့် လှည့်ဖျားချင်ပုံမရ။ မိမိ၏ နဂိုဟန်ဖြစ်သော မျက်နှာတည်ဖြင့်သာ ဆက်ဆံတတ်သည်။ သူ Krist စကားကို ခေါင်းညိတ်ခြင်းဖြင့်သာ တုံ့ ပြန်လိုက်ပြီး အလှမွေးငါးကန်မှ ငါးများကို တမေ့တမောငေးကြည့်ပြီး မှန်ကန်ထဲမှ ငါးများကို စနောက်နေသည့် မင်းသမှးငယ်ထံ သွားရန် သူ့ခြေလှမ်းကို ပြင်လိုက်တော့ သူ့ပခုံးထက်သို့ ရောက်လာသည့် လက်တစ်ဖက်… သူ Krist လက်ကိုပုတ်ထုတ်လိုက်မိသည်။

Odium(fanfic)Where stories live. Discover now