Part - 6

2.1K 324 54
                                    

"ဒါကြီးက မှားနေတာကိုကွာ!"

New ၏ ဒေါသသံကြောင့် Singto မည်သည့်စကားမှ မတုံ့ပြန်မိ။ သူနှင့်မင်းသမီးငယ် အမိမြေပြန်ရောက်ချိန်တွင် ပထဆုံးကြုံတွေ့ရသည်က ထိုင်းနိုင်ငံသားတစ်ဦးအား အခြားနိုင်ငံသားနှစ်ဦးမှ သတ်သည်ဆိုသော ကိစ္စ။ မမှန်ကန်သည်ဆိုသည်ကို သိသော ထိုင်းနိုင်ငံသားအချို့က ဒေါသဖြစ်နေသော်လည်း သူတို့ဘာတတ်နိုင်မည်လဲ။ သနားစရာရွှေ့ပြောင်းအလုပ်သမားငယ်နှစ်ဦးမှာ သေမည့်နေ့ကို ထောင်ထဲတွင်စောင့်နေခဲ့ရသည်။ ထိုကြမ္မာငင်သော အလုပ်သမားငယ်နှစ်ဦး၏ မိသားစုဝင်များသည် မည်မျှထိ ပူဆွေးသောကရောက်နေရမည်နည်း။ လောကတွင် အမှန်တရားသည် ခွန်အားကြီးသူတို့၏ သတ်မှတ်ချက်သက်သက်တစ်ခု။ အားနည်းသူတို့သည် မည်သည့် စောဒကမှ တက်ပိုင်ခွင့်မရှိ။

"ငါ့မှာ သက်သေရှိတယ်!"

New စကားကြောင့် Singto နှင့် Ouijun မျက်မှောင်ကြုတ်လိုက်မိသည်။ ဒေါသကြောင့် မျက်နှာတစ်ခုလုံးနီရဲနေသော Newwie ကို Singto မည်သို့နှစ်သိမ့်ရမှန်းမသိ။ သူတို့သုံးဦးသာ ထိုအခန်းထဲတွင် ရှိနေခြင်းက တော်သေးသည်ဟု Singto တွေးလိုက်မိသည်။ နံရံတိုင်းတွင် နားများရှိသည်ဆိုသည့် စကားက အလကားမဟုတ်။ စကားတစ်ချက်မှားသွားလျှင် Newwie ကြီးစွာသော အခက်အခဲတို့တွေ့နိုင်သည်။

"ဒီမှာ ငါ CCTV ကို hack ထားတဲ့သက်သေ…"

Newwie ဖုန်းထဲမှ video ငယ်တစ်ခု။ အချိန်ပိုင်းသာ ဖြစ်သော်လည်း မည်သူက တရားခံဆိုသည်ကို သိသာစေသည့် အချက်။

"New… မင်း ဒါကို ဖျက်လိုက်သင့်တယ်…"

Singto တည်ငြိမ်စွာပြောလာတော့ New ၏ ဒေါသမျက်လုံးများက သူ့ထံရောက်လာခဲ့သည်။ Ouijun ကတော့ ခေါင်းညိတ်ခြင်းဖြင့် Singto စကားကို ထောက်ခံလာခဲ့သည်။ New သည် ဘာကြောင့် IT Force ထဲမှ ပြန်ထွက်လာရခြင်း မရှိတော့သည့် အကြောင်းကို Singto ရိပ်မိလာသလို။ အကုန်လုံးနှင့် အဆက်အသွယ်ဖြတ်ခံရခဲ့သော New… ထိုအချိန်က New အသက်ရှိနေသေးလား မရှိနေသေးလား သူ မခန့်မှန်းနိုင်။ သေချာသည်က New သည် မည်သူနှင့်မှ အဆက်အသွယ်မရှိတော့။ Singto အထင် သူ့လုပ်ရပ်များက ယခု သူပြန်ရောက်နေသည့် အချိန်မှ အဖြစ်အပျက်များကို ပြောင်းလဲစေခဲ့သည်။ ပြီးခဲ့သည့် ဘဝတွင် New သည် သူတို့ကို ထိုဖြစ်ရပ်အကြောင်းမပြောပြခဲ့။ သူတို့မတိုင်ပင်မိခြင်းလည်း ပါသည်။ သူ မင်းသမီးငယ်၏ သက်တော်စောင့်ဖြစ်ပြီးကတည်းက သူတို့နှင့်အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့သည်လည်း ပါသည်။ ယခုဘဝတွင်တော့ သူ ထိုသို့သော အမှားမျိုး နည်းပါးအောင် ဂရုစိုက်မိသည်။

Odium(fanfic)Where stories live. Discover now