“ကျွန်မ ရှင်တို့နဲ့ စီးပွားရေးပူးပေါင်းမှုကို မလိုလားဘူး…”

“မင်းသမီး အတွက် ဒီအပေးအယူက သင့်တင့်တဲ့ အပေးအယူတစ်ခုလို့ ကျွန်တော်ကတော့ ထင်ပါတယ်…”

သူမ စူးရဲစွာ သူမအရှေ့မှ လူ့အမှိုက်အား စက်ဆုတ်စွာကြည့်လိုက်ခဲ့သည်။ သူမ ထိုလူများနှင့် တွေ့ဆုံရန် ခွင့်ပြုရမည်ကို ရွံမုန်းသည်။
Len သူ့ရှေ့မှ သူ့အား ရွံမုန်းစွာကြည့်နေသည့် မိန်းမပျိုအား ပြုံးကြည့်လိုက်သည်။ ထိုကောင်မလေးသည် ဆွဲဆောင်မှုရှိပြီး ပြစ်မျိုးမထင်အောင် ကျော့ရှင်းသည့်အလှကို ပိုင်ဆိုင်သော်လည်း ထိုကောင်မလေးသည် သူ့အား ပုတ်ပွနေသည့် အသားထဲမှ ထွက်လာသည့် လောက်တစ်ကောင်အလား စက်ဆုတ်စွာ ကြည့်နေခဲ့သည်။

“ဥပမာ… မင်းရဲ့ အားကိုးရတဲ့ သက်တော်စောင့်နောက်ကွယ်က အကြောင်းတွေပါ ပြောပြနိုင်တာမျိုးပါ အခွင့်အရေးရတာပေါ့…”

ထိုင်ခုံနောက်မှီပေါ် လက်တင်ရင်း သူမအား အေးစက်စွာကြည့်လာသည့် ချောမောသော တရုတ်အမျိုးသား၏ အကြည့်များသည် သူမအား လှောင်ပြောင်ရိပ်များထင်ဟပ်နေသည်ကို သူမ မြင်နေရသည်။ မိန်းမသားများကို အထင်အမြင်သေးသည့် ယောကျာ်းများအား သူမ မုန်းတီးသည်။ သူမအား မိန်းကလေးမို့ ထီးနန်းဆက်ခံခွင့် မရှိစေသည့်စည်းကမ်းကိုလည်း သူမ မုန်းသည်။

“ရမ်းကားလိုက်တာ… မင်းသမီးကို ဘယ်လိုမျိုးပြောနေတာလဲ!!…”

New အသံသည် အခန်းထဲတွင် ဟိန်းထွက်လာခဲ့သည်။ Len သူ့ရှေ့တွင် ဒေါသကြောင့် ရှူးရှူးရှဲရှဲ ထဖြစ်လာသည့် သက်တော်စောင့်ကောင်လေးအား မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်ခဲ့သည်။ သူ သက်တော်စောင့်ခွေးများကို နည်းနည်းလေးမှ မနှစ်သက်။ အစော်ကားခံရသည့် တော်ဝင်မျိုးနွယ်များကပင် မည်သို့မျှ မတုံ့ပြန်သည်ကို ထိုသူများက… သူ သက်ပြင်းချကာ ပခုံးနှစ်ဖက်အသာတွန့်လိုက်ခဲ့သည်။ Achara သူမအား ထိုသို့ မထီမဲ့မြင် တုံ့ပြန်သည့်တိုင် ထိုတရုတ်အမျိုးသားသည် ဆွဲဆောင်မှုရှိနေသေးသည်ဟု သူမ စိတ်ထဲခံစားနေမိဆဲ။ သူမ အံကိုတင်းတင်းကြိတ်နေစဉ်တွင် သူမ မေးဖျားအား လက်ဖျားလေးနှင့် အသာ ပင့်တင်ရင်း သူမ မျက်လုံးများထဲ စိုက်ကြည့်လာသည့် တရုတ်အမျိုးသား။

Odium(fanfic)Where stories live. Discover now